နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကျော်ဆုတစ်ယောက် ကြွေပြီးသားပျိုပျိုမေတွေကို ထပ်ပြီးကြွေအောင်ခြွေလိုက်ပြန်ပါပြီ။ အမိုက်စား Six Pack Body ဟာ ပျိုပျိုမေတို့ရဲ့ စိတ်ကူး ယဉ်ပန်းခင်းကြီးပါပဲ။ တကယ်ကိုကြွေချင်စရာကောင်းတဲ့ ကြွက်သားတွေက အမျိုးသမီးတွေပါ မက အမျိုးသားတွေပါ သဘောကျလောက်တဲ့အနေအထားတစ်ခုပါပဲ။

MRTV 4 က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိနောက်ဆုံး Canel + က ထုတ်လွှင့်တဲ့ " အဆိပ်သွေး " ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အမိုက်စားသရုပ်ေ်ဆာင်ချက်တွေအပြင် ယောကျာ်း ပီသတဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်ဟာ နှုတ်ခမ်းနီမလေးတွေကို အပြတ်အသတ်ဆွဲဆောင်နိုင် ခဲ့တဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။

ကျော်ဆုတစ်ယောက် သူ့ရဲ့အမိုက်စားပုံရိပ်တွေကို " ကွီး ဝိတ်ပေါခဲ့စဉ်က " ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ နာမည်ကျော်အဆိုတော် လွှမ်းပိုင်နဲ့လည်း ညီကိုအရင်းတော်စပ်သူဖြစ်ပါ တယ်။ ညီကိုနှစ်ယောက်လုံးကလည်း အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ကြပြီး ပရိသတ် အားပေးမှုက လည်း အံ့မခန်းပါပဲ။ ကျော်ဆုရဲ့အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက် ပြီနော်။

Photo - Kyaw Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။