တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ နှစ်နာရီကြာ ပန်မွန်ဂျုံ နယ်စပ် စခန်းမှာ တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။

တလ အတွင်း ဒုတိယအကြိမ် ဒီနေရာမှာ သူတို့တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး နောက်ဆုံး တွေ့ဆုံပွဲကိုတော့ အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူးလို့လည်းသိရပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် တွေ့ဆုံပွဲ ဖြစ်မြောက်ဖို့အတွက် နှစ်ဘက်ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းနဲ့ ဒီဆွေးနွေးပွဲ ရလဒ်ကို မေလ ၂၇ ရက်မနက်မှာ မွန်းဂျေအင်းက ကြေညာမယ်လို့လည်း သိရပါတယ်။ တွေ့ဆုံခဲ့တဲ့နေရာကတော့

ပန်မွန်ဂျုံ စခန်း မြောက်ဘက်ခြမ်းမှာ ဒေသစံတော်ချိန် ညနေ ၃ နာရီက ၅ နာရီ အတွင်း ဆွေးနွေးခဲ့ကြတာလို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

ပထမအကြိမ် သမိုင်းဝင် တွေ့ဆုံပွဲအပြီးမှာတော့ ခုထိ စစ်ရပ်စဲရေး မယူရသေးတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမယ့် လက္ခဏာတွေ သိသိသာသာ ပြသခဲ့တာပဲဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကနေ အမေရိကန် သမ္မတ ထရမ့်နဲ့ စင်္ကာပူမှာ နောက်လ တွေ့ဖို့ထိ ဖြစ်ထွန်းလာခဲ့သလို ကိုရီးယား ကျွန်းဆွယ် တင်းမာမှုတွေ လျော့ကျရေးနဲ့ အဏုမြူ ဖျက်သိမ်းရေးကို အဓိကထား ဆွေးနွေးကြဖို့ ရည်ရွယ်ခဲ့ပါတယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။