လီဗာပူးလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးမှာတော့ ဂိုးသမား အသစ်ကိုခေါ်ယူဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ အဆိုပါ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ဂိုးသမား ကာရီးယက်စ် ရဲ့အမှားတစ်ချို့ကြောင့် ဂိုးတွေပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ လီဗာပူးလ်အသင်းဟာ ဂိုးသမား အသစ်တစ်ယောက်ကို ခေါ်ယူဖို့ အတွက် သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ သတင်းတွေ ထွက်နေတ့ ဂိုးသမားတွေကတော့ အက်သလက်တီကို အသင်းရဲ့ ဂိုးသမား အော့ဘလက် နဲ့ ရိုးမားအသင်းရဲ့

ဂိုးသမား ဖြစ်တဲ့ အယ်လီဆန်တို့ပဲ ဖြစ်ပါတယ်။ 

လီဗာပူးလ်ဟာ ထိုကစားသမားနှစ်ယောက်ကို ယခုအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ တစ်ကယ်ပဲ ဂိုးသမားအသစ်ခေါ်ယူသွားမလားဆိုတာကတော့ စောင့်ကြည့်ရတော့မယ် ခင်ဗျာ။

Source : The Sun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။