မလေးရှားသမိုုင်းမှာ အများဆုံုးဖမ်းဆီးလိုုက်တဲ့ မူးယစ်စိတ်ကြွဆေး (ရာအိုုင့်)၁၁၈၆ ကီလိုု ရှိပြီး ကာလတန်ဘိုုးဟာ မလေး ရင်းဂစ် ၇၁ သန်း (17.83023 million U.S. dollars) ဘိုုးရှိကြောင်း မလေးရဲချုပ် Datuk Seri T Subromaniam ဒူတပ်စီရီ ကသတင်းစာရှင်းလင်းပွဲမှာ ထုုတ်ဖော်ပြောခဲ့ပါတယ်။စီလန်ကာ ပြည်နယ်Seri Kembangan စီရီကမ်ဘင်ဂန် က စူပါမအားကက် အတွင်းမှာ အကောက်အခွန် အရာရှိတွေက ဝင်ရောက် စစ်ဆေးရင်း မူးယစ်ဆေးဝါး အထုုတ်တွေကိုု တွေ့ရှိသွားခဲ့ပါတယ်။

ဒါအပြင်း ဘိန်းဖြူ အမှုုန် ၇၅၀ ကရမ် (မလေးရင်းဂစ် ၁၂၀၀၀၀တန်ဘိုုး ရှိ )ကိုု ပါ ဖမ်းဆီးနိုုင်ခဲ့တယ်လိုု့ မလေးဆိုုင်ရာသတင်းတွေမှာဖေါ်ပြနေပါတယ်။ဒီအမှုုနဲ့ပါတ်သက်ပြီးအသက် ၂၂ ကနေ အသက်၄၈ နှစ်အတွင်းရှိတရားခံ ငါးဦးကိုု ဖမ်းဆီးလိုုက်ရာမှာ မြန်မာနိုုင်ငံသား သုံုးဦးနဲ့ မလေးနိုုင်ငံသားနှစ်ဦးမှာ အသက် ၃၁ နှစ်ရှိ စူပါမားကက် အရောင်းဆိုုင်ရဲ့ ဒါရိုုက်တာ အမျိုးသမီးတဦး ပါဝင်တယ် လိုု့သတင်းတွေမှာဖေါ်ပြနေပါတယ်။

ယခုုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ မြန်မာနိုုင်ငံ ရန်ကုုန်ကနေကုုန်တင်နာတခုုအတွင်းမှာ ထည့်ပြီး ရေလမ်းကနေ Port Klang ဆိပ်ကမ်းကိုု ပိုု့လိုုက်တာလိုု့သိရပါတယ်။ကုုန်အမှတ်တဆိပ်မှာ စားသောက်ကုုန်လိုု့ အာဏာပိုုင်တွေကိုုအသိပေးထားပါတယ်။တရားခံတွေဟာ ပြစ်မှုု ကျူးလွန်တာ ထင်ရှား တယ်ဆိုုရင် သေဒဏ်ကျခံရမယ်လိုု့ သိရပါတယ်။

Source - Utusan Online Malaysia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။