အင်္ဂလန်နိုင်ငံမှ အသက် ၃၉ နှစ်အရွယ် ဓာတ်ပုံဆရာတစ်ဦးဟာ ငှက်ကလေးတွေအပါအဝင် တောရိုင်း တိရစ္ဆာန် သေးသေးလေးတွေနဲ့ အနီးကပ်ရင်းနှီးနေတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ နှစ်နဲ့ချီ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။သူတို့လေးတွေ လက်ထဲက အစာကိုလာစားတဲ့အထိ ရင်းနှီးလာအောင် ခက်ခက်ခဲခဲ နှစ်အကြာ ကြီး ကြိုးစားခဲ့ရတာပဲ ဖြစ်ပါတယ်။အဆိုပါ ဓာတ်ပုံဆရာ ဒါဘီရှီးယားကောင်တီ ဝိုက်ဝဲလ်ရွာသား စတိ့ဗ်က ကြွက်တွေ၊ လယ်ယာ ချောင်းမြောင်းတွေနားမှာနေတဲ့ ငှက်တွေနဲ့ ဆက်သွယ်မှု တိုးတက်လာဖို့နဲ့ သတ္တဝါ လေးတွေရဲ့ ယုံကြည်မှုရဖို့ သုံးနှစ်ကြာကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ 

ခုချိန်မှာတော့ အလွယ်တကူကြောက်တတ်တဲ့ သတ္တဝါလေးတွေက အကြောက်အလန့်မရှိ စတိ့ဗ်ထံ ပျော် ပျော်ရွှင်ရွှင် ချဉ်းကပ်ကာ နေကြာစေ့တွေနဲ့ အခြားအစားအစာတွေကို စားရင်း သူနဲ့ နေနေကြတာ ဓာတ်ပုံ တွေထဲ တွေ့ရပါတယ်။အခုလို ဒီသတ္တဝါလေးတွေ နီးနီးကပ်လာကြပြီး သူတို့ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို ဓာတ်ပုံ များစွာကို ရိုက်ကူးနိုင်ခဲ့တာကလည်း အရမ်းအံ့သြကြည်နူးဖို့ ကောင်းတယ်လို့ စတိဗ်က ပြောပါတယ်။ 

စမ်းသပ်ခန်း နည်းပညာရှင်အနေနဲ့ အလုပ်လုပ်တဲ့ စတိ့ဗ်က သူ့ရဲ့ ဘယ်ဘက်လက်ကို သုံးပြီး သတ္တဝါလေး တွေကို အစာကျွေးကာ ညာလက်နဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ။“အချို့သတ္တဝါလေးတွေကို ရင်နှီးယဉ်ပါးအောင် လုပ်နိုင်ပေမယ့် အချို့သတ္တဝါလေးတွေကိုတော့ ခုထိ ယဉ်ပါးအောင် မလုပ်နိုင်သေးဘူး။ ငှက်တွေက ယဉ်ပါးဖို့ လွယ်ကူပြီး ရော်ဘင်ငှက်ကလေးတွေကတော့ မကြောက်တတ်ဆုံးပဲ” လို့ သူက ပြောကြောင်း ဒေးလီးမေးလ်သတင်းမှာ မေလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။ 

Source – DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။