အနုပညာ အလုပ်တွေးကြိုးစားလုပ်ကိုင်နေတဲ့ စိုးပြည့်လေးကတော့ မိသားစုနဲ့ အတူခရီးထွက်နေတာလည်းဖြစ်ပါတယ် ။ မိဘအပေါ်သိတတ်တဲ့ သမီးချောလေးဆိုရင်လည်မမှားပါဘူး ။ လိမ္မာ ပြီးမိန်မပီသတယ်လို့လည်းသိရပါတယ်။သူမဟာ ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပြီးလို့ အနားယူတာလည်းဖြစ်ပါတယ် ။
သူမရဲ့ ကိုယ်ပိုင်လူမူကွန်ယက် မှာတော့ အမြဲလိုလို မိဘမေတ္တာ ကိုဖော်ဆောင်တဲ့ စာသားများကို ရေးလေ့ရှိပါတယ်။ ချစ်စရာမျက်နှာထားပိုင်ရှင်လေးလည်းဖြစ်ပါတယ် ။ဘာသာရေးကိုလည်း အရွယ်နဲ့မလိုက်အောင် လိုက်စားသူလည်းဖြစ်ပါတယ် ။သူမ ရဲ့လူမူကွန်ယက်မှာတော့ ကျေးဇူးရှင် ဆိုတဲ့စာသားနဲ့ ပရိသတ်ကြီးကို ဖော်ပြခဲ့ပါတယ်။
ကျေးဇူးရှင်
ငယ်ငယ်ကမေးခဲ့ဖူးတယ်....ဖေဖေ့ကို..ဖေကြီးဘုရားဘာလို့ရှိခိုးတာလဲလို့.....ကျေးဇူးရှိလို့ပေါ့သမီးရယ်တဲ့.....နားမလည်ခဲ့ပါဘူး....ကျေးဇူးရှိတယ်ဆိုတော့လည်းရှိလို့ပေါ့နော်.....ဘယ်လိုကျေးဇူးမှန်းလဲမသိပါဘူးလေ....မိရိုးဖလာဗုဒ္ဓဘာသာလည်းဖြစ်ငယ်လည်းငယ်သေးတော့ဘာကြောင့်ကျေးဇူးရှိမှန်းမသိပါဘူး....."သမီးတဲ့အဖေတို့မိဘတွေကျေးဇူးကြီးသလားတဲ့...ဟုတ်ကြီးတာပေါ့ဖေဖေဆိုတော့.......အေးးဖေဖေတို့ကဒီဘဝမှဘဲငါ့သမီးကိုလမ်းပြပေးတာ....မကောင်းတာမဖြစ်အောင်လမ်းညွှန်ပေးတာတဲ့....မြတ်စွာဘုရားဟာ...တစ်သံသရာလုံးကောင်းအောင်လမ်းညွှန်ပေးခဲ့တာတဲ့".....အဲ့စကားကြားခဲတဲ့အချိန်...ကလေးဘဝထဲကကြက်သီးထရလောက်အောင်ကြည်နူးပီတိနဲ့မြတ်စွာဘုရားကိုကြည်ညိုခဲ့တယ်.....အခုအရွယ်ရောက်တော့ဘဝမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေလည်းကြုံဖူးတာပေါ့ပုထုစဉ်ဆိုတော့.....ဒေါသထွက်တဲ့အချိန်လည်းရှိတယ်....လောဘကြီးနေတဲ့အချိန်ရော.....အများကြီးပေါ့.....စိတ်ထဲပူလောင်လာပြီလို့သိတာနဲ့ကိုယ့်စိတ်လေးကိုဘရိတ်လေးအုပ်...စိတ်လေးကိုငြိမ်နေအောင်ကိုယ့်စိတ်လေးကိုယ်ပြန်သတိထားမှတ်လိုက်တာနဲ့ပူလောင်တာတွေရှုပ်ထွေးတာတွေချက်ချင်းပျက်ပြယ်သွားတယ်....ဒီလိုအရသာကိုခံစားရရင်လေ....မြတ်စွာဘုရားကိူကျေးဇူးသိပ်တင်တာဘဲ......ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကကိုယ့်စိတ်ကိူချမ်းသာအောင်....သံသရာမှာလွတ်မြောက်အောင်...ဘဝမှာနေတတ်အောင်လမ်းပြပေးတဲ့တကယ့်ကျေးဇူးရှင်ပါလားလို့....ကျေးဇူးတင်မိရင်း.........အေးချမ်းကြပါစေ......လို့သူမက ပရိသတ်ကြီးကိုတင်ပြထားပါတယ် ။
photo scoure:soe pyae thi zin
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။