အနုပညာလောက ကနေ အပြီးအပိုင်အနားယူလိုက်ပြီဖြစ်တဲ့ နဝရတ်ဟာ နာမည်ကြီး သရုပ် ဆောင်တစ်ယောက်ဖြစ်ပါတယ် ။ သူမဟာ အကယ်ဒမီ ၂နှစ်တိတိ ခန့်မှန်းခံခဲ့ရပေမယ့် ကံ မကောင်းစွာနဲ့ ၂ကြိမ်လုံးလွဲချော်ခဲ့ရတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီလို့ တရားဝင် ကြေငြာခဲ့ပြီး သူမရဲ့မိ ခင်ကို အချိန်ပေးနေတယ်လို့သိရပါတယ် ။

သူမရဲ့အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး စီးပွားရေးကိုသာ ဦးစားပေးလုပ် ကိုင်နေခဲ့ တာ ပါ ။ မကြာသေးမီ ကာလက သူမရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် စိတ်ထိခိုက်ကြေကွဲ ခဲ့ရ ပြီး ကျန်ရှိနေသေးတဲ့ သူမရဲ့အမေကို အရင်ကထက် ပိုဂရုစိုက်ပြီး အချိန်ပေးတော့ မယ် လို့လဲသိရပါတယ် ။ ရေသွားကူးချင်ပေမယ့် သူမရဲ့အမေကို ထားခဲ့ရမှာ စိတ်မချလို့ ခြံဝင်း တွင်းမှာ ရေကန်ငယ်လေးနဲ့ ပျော်ရွှင်နေတဲ့သူမက ဒီလောက်နဲ့ဘဲကျောနပ်ပါတယ်လို့ ဆိုပြီး သူမရေကစားနေတဲ့ Video လေးကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြခဲ့ တာဘဲဖြစ်ပါတယ် ။

သူမ အနေနဲ့ မိဘ ကိုအပြည့်အဝပြုစုခွင့်မရလိုက်ဘဲ ခွဲခွာခဲ့ရတဲ့အတွက် အရမ်းနောင်တရလို့ ပရိသတ်တွေကို မိဘရှိနေတုန်း အပြည့်အ၀ ဂရုစိုက်ကြပါလို့လဲ အသိပေးခဲ့ပါတယ် ။ ဖခင် ဆုံးပြီးနောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ မိခင်ကို ပျော်ရွှင်အောင်ထားပြီး ဂရုစိုက်ပေးနေတဲ့ သူမကတော့ တကယ့်ကို သမီးလိမ္မာလေးဘဲဖြစ်ပါတယ် ။ နဝရတ်ကိုချစ်ကြတဲ့ ပရိသတ် ကြီးအတွက် သူမမိရဲ့ ချစ်စရာကောင်းတဲ့ Video လေးကို ပြန်လည်မျှဝေပေး လိုက် ရပါတယ် ။

Source : Nawarat Ko Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။