ပရိသတ်အချစ်တော် မအေးသောင်းတစ်ယောက် ပြီးခဲ့တဲ့သူမရဲ့အသက် 34 နှစ်ပြည့်မွေးနေ့ လေးမှာ ပျော်ရွှင်စွာဖြတ်သန်းခဲ့ရပေမယ့် သူမရဲ့လက်ရှိအသက်နဲ့ပက်သက်ပြီး ဝေဖန် ပြောဆိုမှုတွေဟာ ရပ်မသွားပဲ ပိုဆိုးလာခဲ့တာမို့ အထောက်အထားခိုင်ခိုင်မာမာနဲ့ အတိအကျပရိသတ်တွေကို ချပြလိုက်တာပဲဖြစ်ပါတယ်။ သူမဟာ တကယ်ပဲ အသက် 34 နှစ်အရွယ်အမျိုးသမီးဖြစ်တယ်ဆိုတာကို မှတ်ပုံတင်အပြင် Passport စာအုပ်နှင့်တကွ သက်သေပြခဲ့တာပဲဖြစ်ပါတယ်။

အစပိုင်းမှာတော့ ကောလဟာလသဘောရှိပေမယ့် နောက်ပိုင်းမှာတော့ မိဘတွေနဲ့ မိသားစုကိုပါ ထိခိုက်လာတဲ့အသုံးအနှုန်းအပြောအဆိုတွေရှိလာတာကြောင့် သူမကရှင်း လင်းခဲ့တာလို့ဆိုပါတယ်။ သူမအနုပညာလောကထဲမှာ မော်ဒယ်စလုပ်ကိုင်စဉ်က အသက် 12 နှစ်သာရှိသေးပြီး အသက် 14 နှစ်မှာတော့ Miss X'Mas ဆုကို ရရှိခဲ့တာပဲဖြစ်ပါ တယ်။ ဆုရရှိတဲ့နှစ်မှာပဲ သူမရဲ့ပထမဆုံးဇာတ်ကား ဖြစ်တဲ့ " ဖလင် " ဆိုတဲ့ရုပ်ရှင် ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။

သူမဟာ 1984 ခုနှစ်ဖွားတစ်ဦးဖြစ်ပြီး အသက်အရွယ်ဟာလည်း လိမ်စရာကိစ္စတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိအောင်မြင်မှုဟာလည်း အမြဲတည်ရှိနေမှာ မဟုတ် သလို ရခဲ့တဲ့အချိန်လေးကို တန်ဖိုးထားပြီး အားလုံးအတွက်အကောင်းဆုံးနေထိုင်သွားမယ် လို့လည်း သူမကဆိုပါတယ်။ အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ် ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းလှပနေတဲ့ မအေးသောင်း ပါပဲ။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။