လက်ရှိ အငြိမ့်သဘင်လောကနှင့် အနုပညာလောကမှာ ဟာသလူရွှင်တော်တွေအဖြစ်နာမည်ကြီးလူကြိုက်များနေတဲ့ မြန်မာပြည်စတားအဖွဲ့ကိုတော့ ပရိသတ်တွေချစ်မယ်ထင်ပါတယ်။ အဆိုပါအဖွဲ့သားတွေထဲမှ ချက်ကြီး၊ ဖိုးသဲ၊ စံလင်းတို့ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ အဆိုပါ အဖွဲ့သားတွေကတော့ မနေ့က တချိန်ကမြန်မာနိုင်ငံရဲ့ ရေပန်းစားဆိုင်းဆရာကြီးတစ်ဦးဆီသွားရောက် ဂုဏ်ပြုခဲ့ကြတာတွေ့ရပါတယ်။  

တချိန်က နာမည်ကြီးဆိုင်းဆရာတစ်ဦးဖြစ်တဲ့ မန္တလေး စိန်တင့်လွင်ကိုတော့ အငြိမ့်ချစ်ပရိသတ်တိုင်းသိမယ်ထင်ပါတယ်။ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမျိုးဆက်သစ်လူငယ်များစွာကို မွေးထုတ်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က ချက်ကြီး(ကျော်ကျော်ဝင်း) ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ဘဘစိန်တင့်လွင်ဆီသွားရောက်ခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူ တွေ့ရပါတယ်။ 

အဆိုပါ သွားရောက်မှုနှင့်ပတ်သက်ပြီး

"မြန်မာ့ဆိုင်းပညာရှင်

မန္တလေး ဘဘစိန်တင့်လွင်ကို

ဂါရဝပြု ဆုံးမစကား နားထောင်

(ပဲပြုတ်နံပြားစားချင်တဲ့လူ) ဆိုင်းစီးရီးမှာ

ဘဘနဲ့ ကျွန်တော်တို့ရဲ့ မှတ်တိုင်စိုက်ထူထားမူ့

ဟာ တစ်ကယ့်ကို ကြောက်ခမန်းလိလိပါ။

တွေ့တုန်း တွေ့ခိုက် ဘဘနဲ့ စကားပြော

သိချင်တာတွေကို စိတ်ရှည် လက်ရှည်ဖြေပေးတဲ့

ဘဘကို ကျေးဇူးတင်ပါတယ်။" ဟူ၍လည်း ရေးသားထားတာတွေ့ရပါတယ်။

Photos - Kyaw Kyaw Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။