အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေကြား ရေပန်းစားသူတစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင် မေ ကတော့ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ လက်ခံထားတဲ့ အလုပ်တွေအကုန်လုံးရပ်နားထားရပြီး ယခုချိန်ထိ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ မေကတော့ သူမရဲ့ချစ်တဲ့ပရိသတ်တွေစိတ်မပူစေဖို့ သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလိုရေးသားထားတာ တွေ့ရပါတယ်။

"ဖြည်းဖြည်းချင်းတော့ကောင်းလာမှာပါကွယ်.. Be patient... စိတ်ပူပေးကြလို့လဲကျေးဇူးပါ.. စိတ်ရှည်ဂရုစိုက်ပေးကြလို့ Grand Hantha hospital team တစ်ခုလုံးကိုလဲကျေးဇူးပါ.. PS. Sorry for my panda eyes but keep smiling for you guys naw" ဆိုပြီး ရေးသားထားပါတယ်။ ဓာတ်ပုံလေးထဲမှာတော့ သူမပြန်ပြီး နေကောင်းစပြုနေပြီး ပြုံးနေတာမို့ ပရိသတ်တွေကတော့ ဝမ်းသာနေကြပါတယ်။

မေ ဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပြီး ပွဲတော်တော်များများမှာလည်း မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ လူမှုစာမျက်နှာထက်မှာလည်း ပုရိသတို့ရဲ့ ဝန်းရံခြင်းခံရသလို အမျိုးသမီးပရိသတ်တွေကြားမှာလည်း ဖက်ရှင်နဲ့ပတ်သတ်လို့ စောင့်ကြည့်ခံရသူတစ်ဦးဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ချစ်ရတဲ့ မေ မြန်မြန်ကျန်းမာလာစေဖို့ ဆုတောင်းပေးကြပါဦးနော်.........

Photo Source : May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။