မော်ဒယ်သရုပ်ဆောင်အဖြစ် အောင်မြင်ပြီး ပရိသတ်က ချစ်စနိုးနဲ့ခေးလို့ခေါ်ရတဲ့ ခင်ဝင့်ဝါ တစ် ယောက်ကတော့ ထိုင်ဝမ်မြို့ကို ရောက်ရှိနေပါတယ် ။ သူမနဲ့အတူ Beauty Blogger တစ် ယောက်ဖြစ်တဲ့ Lann လည်းအတူထိုင်ဝမ်ကိုရောက်ရှိနေတာပါ ။ သူမတို့ထိုင်ဝမ်ကို ရောက် ရှိနေရတဲ့အကြောင်းရင်းကတော့ Dr Wu Myanmar ပွဲအတွက်လို့လည်းသိရပါတယ် ။

သူမတို့နှစ်ယောက်ဟာ Dr.Wu ရဲ့ထိုင်ဝမ် Head Office ကို သွားပြီးလေ့လာခဲ့ပြီး Dr.Wu ရဲ့ Chairman & CEO က Dr.Wu ဖြစ်လာပုံနဲ့ လုပ်ငန်းလည်ပတ်ပုံတွေကို အသေးစိတ်ရှင်းပြ ကာ သူတို့ရဲ့ Laboratory ကိုလည်း လေ့လာခဲ့ ရတယ် လို့လဲ သိရပါတယ် ။ Dr.Wu ရဲ့ Beauty Adviser က UV Sunrays အကြောင်းနဲ့ Sunscreen အကြောင်းတွေကွာခြားပုံတွေ ပြောပြလို့မသိသေးတာတွေ အများကြီးပဲ သိခွင့်ရခဲ့တယ်လို့ Beauty Blogger Lann ရဲ့လူ မှု ကွန်ယက် စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

ချစ်စရာကောင်းတဲ့သူမတို့နှစ်ယောက်ရဲ့ ထိုင်ဝမ်ရောက်ပုံရိပ်တွေကို လည်း ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးခဲ့ပါသေးတယ် ။ ထိုင်ဝမ်ရောက်နေတဲ့ ခင်ဝင့်ဝါနဲ့ Lann တို့ရဲ့ပုံရိပ်တွေကို သူမတို့ကို ချစ်တဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

source : Artby Lann & Khin Wint Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။