ခုခေတ်လူတွေဟာပိုပြီးတော့ အလုပ်တွေများ ပင်ပန်းနွမ်းနယ်မှုကိုပိုခံစားရလည်းရှိကြပါတယ်။ ဒါပေမဲ့ တစ် ချို့ကတော့ အအိပ်လည်းမှန်တယ် အစားလည်းမှန်တယ် ဒါပေမဲ့ ပင်ပန်းနေကြတယ်။ အမြဲတမ်း နုံးချိနေ တယ်။ အားနည်းတယ်ဆိုပြီး အားဆေးတွေသောက်ကြတယ်။ ဒါပေမဲ့ ပင်ပန်းနေမြဲပဲလေ။ ဒီလိုဆိုရင်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုရှိနေပြီးဖြစ်လို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အမျိုးသမီးအများစုက တော့ ရာသီးသွေးအဆင်းများတာ၊ သားအိမ်အတွင်းအကျိတ်တွေဖြစ်နေတာ၊ လိပ်ခေါင်းဝေဒနာတွေခံစား ရတာတွေ ဖြစ်နေရင်တော့ ဒါဟာပင်ပန်းနွမ်းနယ်ပြီး နုံးချိမှုကိုခံစားရနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ သက်သတ်လွတ်စားသူတွေဟာလည်း အားနည်းတဲ့ဝေဒနာခံစား၇နိုင်ပါတယ်။အ ဓကတစ်ရှူးနဲ့ ကြွက်သားတွေကို အောက်ဆီဂျင် လုံလောက်အောင် ထောက်ပံ့ဖို့အတွက် အစာအဟာရ လုံးလောက်ဖို့လိုပါတယ်။အသားနှင့်ငါးတွေကို စားပေးရပါမယ်။အမျိုးသမီးတွေအနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါလည်း နုံးချိတဲ့ခံစားချက်မျိုးခံစားရမှာပါ။ကဖင်းဓာတ်က လူကိုလန်းဆန်းစေတယ် ၊ ကော်ဖီ သောက်လိုက်ရင် လန်းဆန်းတက်ကြွစေတယ်ဆိုတာ မဟုတ်ပါဘူး၊။ 

သောက်ခြင်းခဏမှာတော့ လန်းဆန်း သလိုခံစားရပေမဲ့ ခဏကြာတော့ မှိုင်မှိုင် ထိုင်းထိုင်း တွေဖြစ်လာ တတ်ပါတယ်။အဲတော့ အမြဲထိုင်းထိုင်းမှိုင်မှိုင်ဖြစ်နေရင်တော့ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ ဘာသာ တရားလုပ်ပေးပါ။ အနည်းဆုံးတရာထိုင်ခြင်းကို (၁၅)မိနစ်လောက်လုပ်ပေးပါ။ တစ်နေ့ကို ၁၀ မိနစ်လောက် လမ်းလျှောက်ပေးပါ။လေကောင်းလေသန့်ရတဲ့နေရာတွေမှာနေပါ။ အားလုံးကျန်းမာကြပါစေ။ 

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။