လက်တလောလူမှုကွန်ယက်မှာတော့ ပရိသတ်အချစ်တော် နတ်သမီးလေးနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေဟာ ပရိသတ်တွေကြားမှာ အရမ်းကိုလူပြောများပြီးဂယက်ထနေပါတယ်။ဒီနတ်သမီးလေးနှစ် ယောက်ကတော့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ဖိုက်တာမလေးယဉ်လက်နဲ့ Sexy ကျကျမော်ဒယ်မမ နန်းသီရိမောင်တို့ပဲ ဖြစ်ပါတယ်။သူတို့ နှစ်ဦးရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကြားမှာဘာလို့ ဂယက်ထ နေတာလဲဆိုတာ ပုံရိပ်လေးတွေမြင်တာနဲ့ ပရိသတ်တွေ သိလောက်မယ်ထင်ပါတယ်။

ပုံရိပ်လေးတွေထဲမှာတော့ သူတု့ိနှစ်ဦးဟာတစ်ယောက်နဲ့ တစ်ယောက်အရမ်းကို ချစ်ခင်ရင်းနှီးတဲ့ ညီမတွေလိုသူငယ်ချင်းတွေလို မြင်တွေ့ရပြီး တစ်ယောက်နဲ့တစ်ယောက်နမ်းနေကြတာပဲဖြစ်ပါတယ်။ သူတို့နမ်းတဲ့ပုံစံလေးကတော့ ချစ်သူတွေအနမ်းပေးသလိုကြင်ကြင်နာနာနဲ့ နှုတ်ခမ်းချင်းနမ်းတဲ့ ရိုမန်တစ်ဆန်ဆန်ပုံရိပ်လေးတွေ ဖြစ်တာကြောင့် ပရိသတ်တွေအရမ်းကိုအသဲယားစေခဲ့တာပဲ ဖြစ်ပါတယ်။

သူမတို့နှစ်ဦးကတော့ Trans Grand International 2018 ပွဲမှာ အတူတွဲမြင်တွေ့ရတာဖြစ်ပြီး နန်းသီရိမောင်ရဲ့ လူမှုကွန်ယက်မှာတော့ “ဟာ ဘောက်စင် သမားနက် ဖိုက်တင်းသမား ရန်ဖြစ်နေကြဒေ” ဆိုပြီး အသဲယားစရာပုံရိပ်လေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။နန်းသီရိမောင်ရဲ့ ဓာတ်ပုံလေးတွေအောက်မှာလည်း ဖိုက်တာမလေးယဉ်လက်က ချစ်သူတွေအချင်ချင်းပြောတဲ့ ပုံစံလေး နဲ့ ကွန်းမန့်လေးတွေဝင်မန့်ထားတာကိုလည်း ချစ်စဖွယ်မြင်တွေ့ရပါတယ်။ချစ်စရာကောင်းတဲ့သူတို့နှစ်ဦးရဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နန်းသီရိမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။