Single Mother အဖြစ်နဲ့ဘဝကို ရဲဝံ့စွာရပ်တည်နေပြီး သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကြောင့် အောင်မြင်လာတဲ့ လုလုအောင်ဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေ ပါ တယ် ။ ပုရိသတွေရဲ့ အသည်းကိုဖမ်းစားထားတဲ့သူမဟာ သူမရဲ့ကွီးတွေအားပေးမှုကြောင့် အနုပညာလုပ်ငန်းတွေ ဓာတ်ပုံရိုက်ကူးရေးတွေဆက်တိုက်လုပ်ဆောင်နေသူ လည်းဖြစ်ပါ တယ် ။

သူမဟာ လက်ရှိမှာ ပုဂံကိုရောက်ရှိနေတယ်လို့သိရပါတယ် ။ သူမဟာ " ခင် ပုဂံရောက် နေတယ်မောင် " ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ ပုံဂံမြေရောက်ပုံရိပ်တွေကို လူမှုကွန်ယက် စာ မျက်နှာကနေ တစ်ဆင့် ပရိသတ်ကြီးကို မျှဝေပေးခဲ့တာဘဲ ဖြစ်ပါတယ် ။ အမြဲတမ်း အမိုက် စား ဖက်ရှင်တွေနဲ့ အလန်းစားသူမကတော့ အခု သနပ်ခါးလေးလူးပြီး ပုဂံဘောင်းဘီလေးနဲ့ ရိုးရိုးလေးနဲ့လှနေတာပါ ။

မကြာသေးမီကမှ သူမမွေးနေ့ကို ဇာတိမြေက သွေးချင်းတွေနဲ့ ကျင်းပခဲ့ပါသေးတယ် ။ လက် ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အောင်မြင်နေပြီ ဖြစ် ပါတယ် ။ ခေးကြီးကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ပုဂံမြေရောက်ပုံလေးတွေကို ပြန် လည်မျှဝေပေးလိုက်ပါတယ် နော် ။

Source : Lu Lu Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။