မြန်မာ့ဂုဏ်ဆောင် သူရဲကောင်းကြီးအောင်လအန်ဆန်းကတော့ မကြာမီယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အပြင်းအထန်ကြိုးစားခဲ့တဲ့ အချိန်တွေမှာမိသားစုအတွက် အချိန်ဆိုတာမရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ ပြင်ဆင်မှုတွေပြီးဆုံးခဲ့ပြီး မိသားစုအတွက် ပျော်ရွှင်မှုတွေဖန်တီးပေးနေကြောင်း သိရပါတယ်။
ဒီကနေ့အောင်လအန်ဆန်းရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် မိသားစုနဲ့အတူ ပျော်ရွှင်စရာ ရက်သတ္တပတ်အဆုံးလေးကို ဖြတ်သန်းခဲ့တာတွေ့ရပါတယ်။ အဆိုပါ မိသားစုနဲ့ပျော်ရွှင်မှုလေးကို အမေရီကန်တောင်ပိုင်းရှိ ဖလော်ရီဒါကမ်းခြေမှာ သွားရောက်ဖြတ်သန်းခဲ့ကြောင်း သိရပါတယ်။ လှပတဲ့ ပင်လယ်ကမ်းခြေမှာ မိသားစုအတွက် ပျော်စရာအမှတ်တရများစွာ ဖန်တီးပေးခဲ့ကြောင်း သိရပါတယ်။
အောင်လအန်ဆန်းကတော့ ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ဘက်နဲ့ပတ်သက်ပြီး "ဂျပန်လူမျိုးဖိုက်တာတွေနဲ့ထိုးသတ်မှုက ပထမဆုံးဖြစ်ပြီး လွယ်ကူတဲ့ပြိုင်ဘက်တစ်ယောက်မဟုပ်ကြောင်း ပွဲကြာနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ပြိုင်ပွဲအတွက် စိုးရိမ်မှုတွေရှိနေပေမယ့် လက်ရှိမိသားစုနဲ့ပျော်စရာအချိန်တွေဖန်တီးနေကြောင်း သိရပါတယ်။ချစ်ပရိသတ်ကြီးအတွက် ဒီကနေ့ အောင်လအန်ဆန်းရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြသထားတဲ့ မိသားစုပျော်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
Photos - Aung La NSang
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။