Myanmar Idol Season 2 တွင် First Runner Up ဆုရရှိခဲ့သောအဆိုတော်ဘီလီမင်း အေး က လက်ရှိ ပြင်ဆင်နေတဲ့ " အရှုံးမပေးတဲ့ ဝိညာဉ် " လို့အမည်ပေးထားတဲ့ တစ် ကိုယ်တော်တေး အယ်လ်ဘမ် အတွက် MTV ရိုက်ကူးနေတယ်လို့သိရပါတယ် ။ အနုပညာ လှုပ်ရှား မှု အနေနဲ့ နယ်မှာ Show တွေ သွားဆိုဖြစ်နေတယ်လို့လဲ သိရပါတယ် ။ ဒီခွေက သူမရဲ့ပထမဆုံး အနုပညာမှတ်တိုင်ဖြစ်တယ်လို့လဲ သူမကိုပြောကြားခဲ့ပါတယ် ။

သူမဟာ အနုပညာလှုပ်ရှားမှုတွေအပြင် မကြာသေးမီက ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ လှူဒါန်းမှုတွေလဲပြုလုပ်ခဲ့ပါသေးတယ် ။

" ဒီနေ့မောင်နှမများနဲ့ အတူတူ အလှူပြီးစီးသွား့ပြီဖြစ်ပါတယ်

အားလုံးကိုုကျေးဇူးတင်တယ်နော့။ ရောက်လာပေးကြတဲ့ ညီအစ်ကိုုမောင်နှမတွေကော

အနယ်နယ် အရပ်ရပ် က မရောက်လာပေမဲ့ဆုုတောင်းပေးကြတဲ့ မောင်နှမတွေအားလုံး  ဘုရားသခင်ကောင်းချီးပေးပါစေလိုု့ ဖူးဆုုတောင်းပေး တယ်။

နောက်လည်း ဖူးနဲ့ အတူတူ အလှူတွေလုုပ်မယ် ကောင်းချီးတွေ ယူမယ်၊ကုုသိုုလ်တွေ ယူကြ မယ်နော်။ " ဆိုတဲ့စာသားနဲ့အတူ သူမရဲ့အလှူပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။

ဘီလီကို Myanmar Idol မှာကတည်းက အားပေးလာတဲ့ ဘီလီချစ်ပရိသတ်ကြီးတို့လည်း ဘီလီရဲ့တစ်ကိုယ်တော်အခွေလေးထွက်လာရင် အားပေးကြပါအုံးနော်။ သူမရဲ့ အလှူ အတွက်လည်း ပရိသတ်တွေ သာဓုခေါ်လို့ရအောင် သူမရဲ့အလှူပုံရိပ်တွေကို ပြန်လည် မျှဝေပေးလိုက်ရပါတယ်နော် ။

Source : ဘီလီလမင်းအေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။