ချစ်သုေ၀ က ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်ကိုဖမ်းစားခဲ့တဲ့ ဂီတဘက်မှာ ရော သရုပ်ဆောင်ဘက်မှာပါ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ် ။ သူမလက်ရှိမှာတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ အမွှာသမီးလေးနှစ်ယောက် ဖြစ်တဲ့ ခေတ် နဲ့သစ်ကတော့ ပရိသတ်တွေရဲ့ သဲသဲလှုတ် အချစ်တော်လေးတွေဘဲ ဖြစ်ပါတယ် ။

သူမရဲ့ carrier လေးပျောက်မသွားဖို့အတွက် သမီးလေးနှစ်ယောက်ရဲ့အနာဂတ်ရယ် ၊ မိဘ တွေကိုစောင့်ရှောက်ဖို့ ရယ် အလုပ်တွေကို အတော်အသင့်လုပ်တယ်လို့ဆိုလာပါတယ် ။ သူမအနေနဲ့ Carrier နောက် တစ်ကောက်ကောက်လိုက်ရင်း မိသားစုဘဝလေး ပျောက်သွား မှာသိပ်ကြောက်ပါတယ်တဲ့ ။ သူမရဲ့ သမီးလေးနှစ်ယောက် ငယ်ဘဝစိတ်ပိုင်းဆိုင်ရာ လုံ ခြုံမှုနဲ့ ကျန်းမာရေးက အရေးကြီးလို့ သမီးလေးနှစ်ယောက် ငယ်ဘဝကျော်ဖြတ်ပြီးတဲ့ထိ ဒီတိုင်းလေးဘဲရှေ့ဆက်ပါမယ် လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ဖော် ပြလိုက်ပါတယ် ။

သူမရဲ့သမီးအမွှာလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ Celebrity တွေဖြစ်တဲ့ ဖေ ဖေလင်းလင်းနဲ့ မေမေချစ်သုေ၀ တို့ထက်တောင် ပိုပြီး cele ဖြစ်နေပါသေးတယ် နော် ။ သူမ ကတော့ မိဘတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို အမြဲတမ်းဖော်ပြနေတတ်တဲ့ မိခင် ကောင်းတစ်ယောက်ဘဲ ဖြစ်ပါတယ် ။ ခေတ်နဲ့သစ်ကိုချစ်တဲ့ပရိသတ်ကြီးအတွက် ခေတ် လေး နဲ့သစ်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။