ထိုင်းနိုင်ငံက ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေတဲ့ ယာဉ်ထိန်းရဲတစ်ဦးကတော့ လက်တလော လူမှုစာမျက်နှာ အထက်မှာ အရမ်းကိုနာမည်ကြီးနေပါတယ်။ ထူးခြားတာတစ်ခုကတော့ အဆိုပါ ယာဉ်ထိန်း ဟာ ဒိုင်နိုဆောအရုပ်ကိုစီးပြီး မူလတန် ကျောင်း တကျောင်းအနီးမှာ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေကိုင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ထူးလြခားတဲ့ သူရဲ့ ဝတ်စုံကြောင့် လမ်းသွားလမ်းလာပြည်သူများ အရမ်းကိုသဘောကျနေကြကာ လူမှုကွန်ယက်မှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်ဟာ မောင်ခရိုင်၊ အနူဘန် နခွန်နာဟွတ်ခ် မူလတန်းကျောင်းပြင်ပ လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ မနေ့ကဖော်ပြခဲ့ပါတယ်။တနစ်ဘူဆဘောင် အမည်ရှိတဲ့ အဆိုပါ ယာဉ်ထိန်း ရဲကတော့ အဲဒီနေရာမှာ တာဝန်ကျနေခဲ့တာ တနှစ်လောက်ရှိနေခဲ့ပြီဖြစ်ပြီး ခုလိုပုံတွေ တက်လာ ခဲ့ပြီး နောက်မှာတော့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ ပုံတွေထဲမှာတော့ အစိမ်းရောင် ဒိုင်နိုဆောတကောင်ပေါ်မှာ ယာဉ်ထိန်းရဲအရာရှိဖြစ်တဲ့ သူက စီးလျက်သား အခြေအနေနဲ့ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေကို လုပ်နေခဲ့တာ တွေ့ရပါတယ်။

“ကျနော်က ကလေးတွေကို ကျောင်းကိုသွားဖို့ တွန်းအားဖြစ်နိုင်ပါတယ်။ ကျနော့် အထက်အရာရှိကို ခုလိုလုပ်လို့ရမလားလို့ အရင်မေးခဲ့တာပါ။ သူက ကျနော့်စိတ်ကူးကို လက်ခံတဲ့အတွက် ခုလိုလုပ် ဖြစ်တာ ပါ။“ကျနော် ထပ်လုပ်ပါဦးမယ်။ လာမယ့် ကြာသပတေးနေ့မှာ ထပ်ဆုံပါမယ်။ ဗုဒ္ဓဟူးနေ့ကတော့ ကျနော့် နားရက်ပါ။ ကျနော်နဲ့ ဆယ်လ်ဖီလာရိုက်ကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်အလုပ်ကို ကျနော် မြတ်နိုးပါတယ်” လို့ သူက ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ရေးသားထားပါတယ်။ တင်နီနခွန်နယော့ခ် အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မျက်နှာပေါ်ကတဆင့် သူ့ရဲ့ပုံတွေကို မျှဝေခဲ့ပြီးနောက်မှာ ရေပန်းစားလာခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။