ဂျာမဏီ လက်ရွေးစင်အသင်းကတော့ ကမ္ဘာ့ဖလား ချန်ပီယံ ထပ်ဖြစ်ဖို့ အသည်းအသန်လေ့ကျင့် ပြင်ဆင်နေပါတယ်။အသည်းအသန် ပြင်ဆင်လေ့ကျင့်ရင်း ဘိုင်ယန် အသင်း ရဲ့ ကစား သမား ကင်မစ်ချ် နဲ့ ချဲလ်ဆီး နောက်ခံလူ ရူဒီဂါ တို့ ဟာ လေ့ကျင့်ရေး ကွင်း မှာ ခိုက်ရန် ဖြစ်ပွား ခဲ့ကြ ပါတယ်။ ချဲလ်ဆီး နောက်ခံလူ ရူဒီဂါဟာ ဘိုင်ယန် ကစားသမား ကင်မစ်ချ် နဲ့ ဘောလုံး ယှဉ်လု ရင်း မကျေ မနပ် ဖြစ်ကာ ဒေါသထွက်ခဲ့ပါတယ်။ 

ချဲလ်ဆီး နောက်ခံလူ ရူဒီဂါဟာ ကင်မစ်ချ် နောက် ကို အသည်း အသန် ပြေး လိုက်ပြီး ပြင်းပြင်း ထန်ထန် ဖျက်ထုတ် ခဲ့ပြီးနောက် ကင်မစ်ချ် နဲ့ ရူဒီဂါ တို့ ဟာ ခေါင်းချင်း ဆိုင် ပြီး ရန်ဖြစ် ခဲ့ကြ တာ ဖြစ်ပါတယ်။ PSG အသင်း ရဲ့ ကွင်းလယ်လူ ဒရက်ဇ်လာ ဟာလည်း အသင်းဖော် တစ်ဦး ရဲ့ တံတောင်ဖြင့် တွတ် မိ ခဲ့မှု ကြောင့် မျက်နှာကို ရေခဲ နဲ့ ကပ် ခဲ့ရပါတယ်။ 

ဂျာမဏီ အသင်း ဟာ မက္ကဆီကို ၊ တောင်ကိုရီးယား ၊ ဆွီဒင် အသင်း တွေ နဲ့ တစ်အုပ်စုတည်း ကျရောက် နေခဲ့တာဖြစ်ပါတယ်။ဂျာမဏီအသင်းဟာ ချန်ပီယံ ဘွဲ့ ကို ကာကွယ်ချင်တာကြောင့် အခုလို အသည်းအသန် လေ့ကျင့်ခန်းပြု လုပ်နေခဲ့ တာလဲ ဖြစ်ပါတယ်။ဂျာမဏီအသင်းဟာ ချန်ပီယံ အဖြစ်နိုင်ဆုံး အသင်းတွေ ထဲမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

SOURCE : MAIL ONILNE SPORT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။