တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Vivo ဟာဆိုရင် သူတို့ရဲ့ မျိုးဆက်သစ်တစ်ခုအဖြစ် Vivo X21 ကို ထုတ်လုပ်လိုက်ပြီ ပဲ ဖြစ်ပါတယ်။ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ စတင်ဖြန့်ချိပေးတော့မှာပဲ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ကင်မရာစွမ်းရည်ပြီး ထူးခြားပြီးကောင်းမွန်နေတာကိုတွေ့ရပါတယ်။ ဒီဖုန်းမှာဆိုရင် မျက်နျာပြင်အနေနဲ့ကတော့ ၆လက်မခွဲနီးပါးရြှိပီး မျက်နှှာပြင်ကိုတော့ Super AMOLED Display ကို အသုံးပြုထားပါတယ်။  

ကင်မရာပိုင်းမှာဆိုရင် နောက်ကင်မရာမှာရော ရှေ့ကင်မရာမှာပါ AI ကို ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက် ကင်မရာမှာဆိုရင် 12 MP နဲ့ 5 MP တို့ ပါဝင်ပြီး အရှေ့ဘက် Selfie ကင်မရာမှာဆိုရင်လည်း 12 MP အထိ ပါဝင်ထားလို့ ကင်မရာပိုင်းမှာ အတော်လေးကို စွမ်းဆောင်ရည်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ 

CPU ပိုင်းမှာဆိုရင်လည်း Snapdragon 660 octa-core ကို အသုံးပြုထားပြီး မမ်မိုရီပိုင်းမှာဆိုရင် 128 GB ပါဝင်မှာ ဖြစ်ပြီး RAM အနေနဲ့ကတော့ 6GB ပါဝင်မှာဖြစ်ပါတယ်။ Android Version အနေနဲ့ ကတော့ 8.1 Oreo ကို အသုံးပြုထားပေးထားတာပဲ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3200 mAh ပမာဏရှိတဲ့ ဘက်ထရီကို ထည့်သွင်းပေးထားပြီး Flipkart မှ စတင် ရောင်းချပေးနေပြီပဲ ဖြစ်ပါတယ်။.  

Source : Mobile Guide  Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။