မေလ ၂၉ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အစိုးရ ၂ နှစ်တာ ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။အဆိုပါငွေစက္ကူတွေထုတ်ဝေဖို့ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အဆင့်ဆင့်က အတည်ပြုပြီးဖြစ်တာကြောင့် ငွေစက္ကူ ထုတ်ဝေမယ့် အသေးစိတ်အစီအမံတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

‘‘ငွေစက္ကူတစ်ခုကို ထုတ်ဖို့ စဉ်းစားရတာကနေပြီးတော့ ထုတ်တဲ့အဆင့်ထိရောက်အောင် လုပ်ဖို့ဆိုရင် ကိုးလကနေ တစ်နှစ်အထိ အချိန်ယူရပါတယ်။ အဲဒီတော့ ဘယ်ဟာက စထုတ်မလဲဆိုတာက ထိုနည်းလည်းကောင်းပါပဲ။ Technically ဆန်တဲ့ ကိစ္စပါ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများ ပြန့်သွားစေချင်တာလား။ ဒီလို စဉ်းစားရတဲ့အချက်တွေက အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ အတည်ပြုတဲ့အတိုင်း ဆက်ထုတ် သွားမှာဖြစ်ပါတယ်’’လို့ ဦးစိုးသိန်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အစိုးရကို တိုက်တွန်းကြောင်း အဆိုကို မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ခင်ဝင်းက တင်သွင်းခဲ့ပြီး အဆိုကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက်သူ ၁၀၉ ဦးရှိပြီး ကြားနေမရှိဘဲ ထောက်ခံသူများလို့ လွှတ်တော်က အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။

photo scoure : Hluttaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။