သားရှင် ကိုပေါက် ကတော့ ငြိမ်းချမ်းရေးဆိုတဲ့ အရာကို ဖော်ဆောင်ရတာ အရမ်းလက်ဝင်ကြောင်း ပရိသတ်တွေကို ပြောလိုက်ပါပြီ ။သားနှစ်ယောက်ကြားဗျာများနေရတဲ့ ကိုပေါက်တစ်ယောက် သူရဲ့ မသေးလှတဲ့ အဖေရဲ့ ဒုက္ခအိုးလေးတွေကြောင့်အမြဲအလုပ်ရှုပ်နေရတယ်လို့ဆိုပါတယ်။


ကိုပေါက် တစ်ယောက် ဘေဘီကိုပေါက် တွေ နဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ် " ၃ နှစ်က အကြီးကိုခံချတယ်။၈ နှစ်ကလဲ spider man တွေကြည့်ပြီး အကွက်တွေ စမ်းတယ်။မခံနိုင်တော့ငိုကြတယ်။ဆိုးနေတာက အငယ်လေး ရန်ဖြစ်ရင်ကြိတ်ခံပြီးနိုင်သလောက်ပြန်လုပ်တယ်။ပြန်ထိုးရင် မျက်ခွက်ပဲရွေးထိုးတယ်။ကိုကြီးသော်က ညှာရှာပါတယ်။မခံနိုင်တော့ တစ်ချက်လုပ်လိုက်တယ် ။ အငယ်လေး ငိုပါလေရော။အဲ့တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရပြန်တယ်။အင်း ကြီးလာရင် ဘယ်လိုလုပ်ရမလဲ။" တဲ့ ဘေဘီကိုပေါက်တွေကလည်း ခေသူတွေတော့ဟုတ်မယ်မထင် ဖိုက်တာပေါကစလေးတွေအလား အပီအပြင်ပါဘဲ။

မိဘတိုင်းကတော့ သားသမီးတိုင်း ကိုတန်းတူချစ်ကြတာပါဘဲ ။ဒါကြောင့်လည်း သားတွေကြီးလာလို့ အခုလိုဖိုက်တင် တွေ ဆက်ပလေးနေကြမယ်ဆိုရင် ညီအစ်ကို ဆက်ဆံရေး မှာအထစ်အငေါ့တွေဖြစ်လာမှာကို ဒယ်ဒီပေါက် တယောက် စိုးရိမ်နေဟန်တူပါတယ်။ ပရိသတ်ကြီးမှာရော အခုလို ဖိုက်တာလေးတွေရှိရင် ဘယ်လို ငြိမ်းချမ်းအောင်လုပ်လည်း တစ်ချက်ပြောပေးကြပါဦးနော်။

Source - Aung Min Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။