ပရိသတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ ပရိသတ်အချစ်တော်မင်းသမီးချောမိုးယုစံတို့မိသားစုကလည်း အပါအဝင်ပါပဲ..။

ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးနဲ့ ချစ်စရာသားချောလေးကိုပိုင်ဆိုင်ထားတဲ့ မိုးယုကတော့ သားလေးနှစ်ယောက်အတူရိုက်ကူးထားတဲ့ ချစ်စဖွယ်Snap ပုံရိပ်လေးတွေကို ထပ်မံမျှဝေလိုက်ပါတယ်..။

အသည်းယားစရာကောင်းအောင် အိုင်တင်မျိုးစုံနဲ့ပို့စ်ပေးကြမ်းနေတဲ့သားချောလေးနဲ့အတူ သားအမိနှစ်ယောက်ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

“ကလေးတွေကို အထိအတွေ့လေးတွေ နူးညံ့တာ ကြမ်းတမ်းတာ သိအောင် မြက်ခင်းလေးကိုနင်းခိုင်းကြည့်ရင်း မာမီရဲ့ရိုက်ချက်နဲ့တွေ့သောအခါ လုပ်နေတဲ့ရုပ်လေးကိုက အိုက်တင်စုံ..” ဆိုပြီး ဓာတ်ဖမ်းခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားတာပါ..။

မင်းသမီးမိုးယုစံကတော့ အိမ်ထောင်ပြုပြီးသားချောလေးကိုမွေးဖွားပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေနည်းပါးနေပေမယ့် ကြည်နူးစရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသူပါပဲ…။

လတ်တလောမှာတော့ ချစ်စရာကောင်းတဲ့မိုးယုတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့Myanmload ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - ကောင်းသိင်္ခမိုးသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။