သုသုလို့ အများကသိကြတဲ့ မိတ်ကပ်ညီညီမောင်စမ်းချောင်းကတော့ လူမှုကွန်ယက်မှာ ဟာသ ဗီဒီယိုလေးတွေ နဲ့ ပရိသတ်အချစ်ပိုနေရတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။သူမမှာတော့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိပြီး ကိုကြီး ကိုကြီးဆိုတဲ့ စကားလေးတွေနဲ့ လူမှုကွန်ယက်ပရိသတ်တွေကြားမှာ ရေပန်းစား နေတဲ့အနုပညာရှင်စုံတွဲလေး အဖြစ်ရှိနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ပရိသတ်တွေကို ချပြထားတဲ့ သူမအရမ်းချစ်ရတဲ့ချစ်သူ zippy နဲ့ အဆင်မပြေမှုတွေများစွာဖြစ်ပေါ်ခဲ့ပြီး လမ်းခွဲပြတ်စဲကြတဲ့ အထိဖြစ်ခဲ့ကြပါတယ်။ 

သူမကတော့ ချစ်သူသက်တမ်းနှစ်နှစ်ကျော်တွဲလာခဲ့တဲ့ သူမရဲ့ချစ်သူနဲ့ သဘောထားချင်းမတိုက်ဆိုင်လို လမ်းခွဲ လိုက်ရပေမယ့် ချစ်သူကောင်လေးအတွက်တော့ အခုချိန်ထိစိတ်ပူနေတဲ့ အရာလေးတစ်ခုရှိနေပါတယ်။ အဲ့ဒါ လေးကတော့ သူမရဲ့ ချစ်သူကောင်လေးဟာ ကျန်းမာရေးချို့တဲ့တာကြောင့် သူအတွက်တော့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ပူပါတယ်လို့ မီဒီယာအင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပါတယ်။လမ်းခွဲလိုက်ပေမယ့် ချစ်သူအပေါ် စိုးရိမ်စိတ်လေးတွေနဲ့ စိတ်ပူပေးနေတဲ့ သူမရဲ့ အချစ်စိတ်လေးကို ပေါ်ပေါ်လွင်လွင်မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ ခဲမှန်ဖူးတဲ့စာသငယ်လေးလို့ နောက်ထပ်အိမ်ထောင်ပြုဖို့လည်း အရမ်းကိုကြောက်နေပြီး နောက် ထပ်လည်း အိမ်ထောင်ပြုဖို့မရှိတော့ပါဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့ဘုရားတရားဘက် အားစိုက်လုပ်ကိုင် ဖြစ်နေပြီး စိတ်ချမ်းသာအောင်နေနေပါတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာလည်း အရင်ကထက်အလုပ်တွေပို လုပ်ပြီး ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေ ပြန်တင်ပေးသွားမှာပါလို့ဆိုပါတယ်။ လောလောလတ် လတ် နှလုံးသားလေးနေမကောင်းဖြစ်နေတဲ့ သုသု ကိုချစ်တဲ့ပရိသတ်ကြီးလဲ သူမကို အားပေးလိုက်ကြပါဦးနော် ။

သတင်းအရင်းအမြစ် - ညီညီမောင်(စမ်းချောင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။