မန်ချက်စတာယူနိုက်တတ် အခေါ်ယူချင်ဆုံး ကစားသမားစရင်းမှာတော့ ရီးရဲ ကစားသမား ဘေးလ်ပါ။ဘေးလ်ကတော့ ရီးရဲမှာခြေစွမ်းမပြနိုင် ဘဲ ပွဲထွက်ခွင့်လဲ မရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေပြီး မန်ယူကို အရောက်နိုင်ဆုံးကစားသမားနေရာမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ဒုတိယအရောက် နိုင်ဆုံးကတော့ စပါး အသင်းရဲ့ အယ်ဒါဝီရယ်ပါ။မော်ရင်ညို ကသူရဲ့ နောက်တန်းကို ပြင်ဆင်ဖို့ တစ်ခြားအသင်းတွေ နဲ့ အပြိုင် ခေါ်ယူမှာပါ။

နောက်တစ်ယောက်ကတော့ ဘရာဇီး အသင်း ရဲ့ ကွင်းလယ် ကစား သမား ဖရက်ဒ် ကိုပါ။မာတစ် ပေါ့ဘာတို့နဲ့တွဲ ကစားဖို့ အတွက် မန်ယူက ခေါ်ယူချင်နေတာပါ။အဆိုပါကစားသမားကတော့ မန်ယူနဲ့ သဘောတူညီမှုရခါနီးနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။နောက်တစ်ယောက်ကတော့ ဂျူပီရဲ့ နောက်ခံလူ ဆန်ဒရို ပါ။ လုရှောေ ခြစွမ်းမပြနိုင်တာကြောင့် သူနေရာမှာ အစားထိုးဖို့ ခေါ်ယူချင်နေပါတယ်။

ဘာစီလိုနာ အသင်း ရဲ့ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ အမ်တီတီ နဲ့ လာဇီယို ကွင်းလယ်လူ ဆာဗစ် တို့ကို စိတ်ဝင်စားနေပါတယ်။ ဗီလာတောင်ပံကစားသမား ဂရီလစ်ရှ် နဲ့ ပေါ်တို အသင်း ရဲ့ ညာ နောက်ခံလူ ဒါးလော့ အပါအဝင် ရီးရဲ ကွင်းလယ်လူ တိုနီခရူး ဗာရန်း နာပိုလီတိုက်စစ်မှူး မာတင် ဘိုင်ယန်နောက်တန်း ဘိုတင်း အေစီနောက်ခံလူ ဘိုနျူချီ စသည့်ကစားသမားများကို စိတ်ဝင်စားနေပါတယ်။

PHOTO : GOOGLE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။