အသက်ငယ်ရွယ်တဲ့သူတွေသာနေရာရပြီး အသက်ကြီးသူတွေကချောင်ထိုးခံထားရတဲ့ ခေတ်ကာလမှာ အများနဲ့မတူ ကွဲပြားနေတဲ့ ခံယူချက်နဲ့ ဖွင့်လှစ်ထားတဲ့ မော်ဒယ်အေဂျင်စီလေးတစ်ခုရှိတယ်လို့သိရပါတယ်။အဆိုပါအေဂျင်စီ ကတော့ ရုရှားနိုင်ငံမှာရှိတဲ့ oldushkamodels အေဂျင်စီပဲဖြစ်ပါတယ်။ အသက်ကြီးရင့်နေသူတွေရဲ့ မပျက်စီးသေးတဲ့ အလှတရားတွေကို လူထုနဲ့ချိတ်ဆက်ပေးပြီးလူပုံအလယ်မှာ ဝံ့ဝံ့ကြွားကြွားနဲ့ နေထိုင်နိုင်အောင် စင်တင်ပေးတဲ့ အေဂျင်စီတစ်ခုဖြစ်တယ်လို့လဲသိရပါတယ်။

အဆိုပါအေဂျင်စီကတော့ အသက် ၄၅ နှစ်အထက်ရှိတဲ့သူတွေကိုသာ လက်ခံစင်တင်ပေးပြီး အသက်ငယ်သူတွေကိုတော့ လာရောက်လျှောက်ထားခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။ အသက်ငယ်တဲ့သူတွေကိုသာ မော်ဒယ်အဖြစ် အဆောင်အယောင်နဲ့ပြင်ဆင်ပေးပြီး စင်တင်နေကြတဲ့ အချိန်မှာ အခုလိုအေဂျင်စီလေးတစ်ခုပေါ်ပေါက်လာတာဟာ တကယ်လေးစားစရာကောင်းလှပါတယ်။ အသက်ကြီးတဲ့သူတွေကိုလဲ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲမှာ ဝင့်ဝင့်ကြွားကြွားနေထိုင်နိုင်အောင် စင်တင်ပေးပြီး ချီးမြှေက်ပေးတဲ့ အေဂျင်စီလေးကတော့ လတ်တလောမှာ လူအများကြားက စိတ်ဝင်စရာလေးတစ်ခုဖြစ်နေတယ်လို့လဲသိရပါတယ်။

အဆိုပါအေဂျင်စီကနေစင်တင်ပေးတဲ့မော်ဒယ်တွေထဲမှာတော့ Sergey Arctica ကအပေါက်ဆုံးအမျိုးသားမော်ဒယ်တစ်ယောက်ဖြစ်တယ်လို့လဲသိရပါတယ်။ အဆိုပါ အမျိုးသားကတော့ အသက်အရွယ်နဲမလိုက်အောင် နုပျိုလှပမှုနဲ့ယောကျာ်းပီသတဲ့ ပုံစံလေးတွေကြောင့် ပရိတ်သတ်တွေကြားမှာ နာမည်ကြီးတဲ့ မော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာဖြစ်တယ်လို့လဲသိရပါတယ်။ပရိတ်သတ်တွေ ဗဟုသုတရစေနိုင်ဖို့ ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - CANTWAIT2SAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။