အမေရိကန်နိုင်ငံမှာ အသက် ၁၆နှစ်၊ ၁၈နှစ်၊ ၂၁နှစ်တို့့ဟာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးအချိန်အဖြစ် သတ်မှတ်ထားကြပါတယ်။ထိုအသက်အရွယ်တွေမှာ မွေးနေ့အခမ်းအနားကြီးကြီးမားမားတွေမလုပ်ပေးကြပါဘူး။ဘာကြောင့်လဲဆိုရင် အဲ့ဒီအရွယ်မှာ လူလားမြောက်လာပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင်ဖြစ်စေချင်ကြလို့ပဲဖြစ်ပါတယ်။

အသက်ဆယ့်ခြောက်နှစ်ကျော်လာတဲ့အချိန်မှာ အိမ်မှထွက်ခွာလာပီး ကိုယ့်ဘာသာကိုယ်ရပ်တည်ပြီး အလုပ်လုပ်တဲ့အပြင် ယာဉ်မောင်းလိုင်စင်တွေလည်းရှိနေကြပါပီ။ ကျောင်းသား၊ကျောင်းသူအများစုဟာ ယာဉ်မောင်းသင်ကြပြီး အချိန်ပိုင်းအလုပ်ကရတဲ့ဝင်ငွေနဲ့သူတို့ရဲ့အသက်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ပွဲကို ကိုယ်တိုင်ကျင်းပကြပါတယ်။အသက်ဆယ့်ရှစ်နှစ်အရွယ်ရောက်လာရင်တော့ မဲပေးခွင့်တွေ၊ ဆေးလိပ်သောက်ခွင့်တွေပေးထားပါတယ်။ဒါပေမဲ့ အသက်နှစ်ဆယ့်တစ်နှစ် မကျော်မချင်းတော့ နိုက်ကလပ်သွားတာတွေ။အရက်ဝယ်တာတွေ၊လောင်းကစားလုပ်တာတွေကိုတော့ တားမြစ်ထားပါတယ်။ 

လက်တင်နိုင်ငံအများစုမှာတော့ မိန်းကလေးတွေရဲ့အသက်၁၅နှစ်ပြည့်မွေးနေ့ပွဲဟာအလွန်အရေးကြီးပါတယ်။အဲ့ဒီအရွယ်မှာသူမကို အရွယ်ရောက်ပီလို့ သက်မှတ်ကြပါတယ်။ဒီအချိန်မှာ မိသားစုဝင်တွေဟာ သူတို့ရဲ့ ဆယ့်ငါးနှစ်ပြည့်သမီးတွေနဲ့အတူ”Quinceanera”လို့ခေါ်တဲ့ ပွဲလေးတစ်ခုကျင်းပပေးကြပါတယ်။ထိုနေ့မှာမွေးနေ့ရှင်ဟာ သူမရဲ့မိသားစုတွေနဲ့ဘုရားကျောင်းကိုဝတ်ပြုဖို့အတူသွားကြပီး ဒီနောက်မှာတော့အရေးကြီးတဲ့ဧည့်သည်တွေကိုဖိတ်ကြားကာ ပါတီပွဲကျင်းပကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ အသက်နှစ်ဆယ်မှာအရွယ်ရောက်ပီလို့ သတ်မှတ်ကြပါတယ်။ဒီအရွယ်မှာ သူတို့ကို မဲပေးခွင့်တွေ၊အရက်သောက်ခွင့်တွေနဲ့ ဆေးလိပ်သောက်ခွင့်တွေကို တရားဝင်သတ်မှတ်ပေးထားပါတယ်။ဂျပန်နိုင်ငံမှာဆိုရင် နှစ်တိုင်း ဇန်နဝါရီလ ရဲ့ဒုတိယအပတ် တနင်္လာနေ့ကို “အရွယ်ရောက်ပီးသူများနေ့”ဟုခေါ်ဆိုကြပြီး တစ်နိုင်ငံလုံးအားလပ်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ထိုနေ့ ရောက်ရင် အသက်နှစ်ဆယ်ပြည့်ပီးသူများဟာ သူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ ဘိုးဘွားတွေရဲ့အုတ်ဂူကိုသွားရောက်ဂါရဝပြုကြပါတယ်။ အာ့ဒီနောက် နိုင်ငံအကြီးအကဲများနဲ့ သူတို့ကျောင်းရဲ့ကျောင်းသားခေါင်းဆောင်များက ပေးပို့ထားတဲ့ ဆုံးမသြဝါဒများကိုနားထောင်ရပါတယ်။ညဘက်အချိန်မှာတော့ မိသားစုတွေသူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲကျင်းပကြပါတယ်္။

Source: Google ( Age Of Adulthood)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။