ဘိုလီးဗီးယားနိုင်ငံက အမာရာလူမျိုးတွေဟာ ထူးဆန်းစွာပဲ အသက်ရှူလမ်းကြောင်းစနစ် ကောင်းမွန်စေဖို့ အတွက် မြည်းနို့ကို ရိုးရာဆေးအဖြစ် မှီဝဲသုံးဆောင့်ရှိကြပါတယ်။အမာရာလူမျိုးတွေကတော့ မြည်းနို့ဟာ အဆုတ်ရောဂါကို ကုသပေးပြီး ကိုယ်ခံအားစနစ်လည်း ကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဓလေ့ဟာ ဘိုလီးဗီးယား ကုန်းမြင့်ဒေသမှာ ပျောက်ကွယ်လုနီး ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ သို့သော်လည်း အသက် ၄၅ နှစ်အရွယ်ရှိ အမာရာလူမျိုး ဂျက်စတင်နာ ဖလောရက်စ်ကတော့ အသက်ရှူလမ်းကြောင်း ရောဂါအတွက် မြည်းနို့သောက်တဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းနေသူတဦး ဖြစ်ပါတယ်။ 

သူက အယ်လ်အော်လ်တိုမြို့ခံတချို့ကို မြည်းနို့ ပုံမှန်ရောင်းချနေတဲ့သူလည်း ဖြစ်ပါတယ်။အဆိုပါ ဓလေ့ဟာ ဘိုးဘွားဘီဘင်တွေက ဆင်းသက်လာလို့ ဘိုလီးဗီးယားနိုင်ငံမှာ သိသူဖော်စား မသိကျော်သွား ဆေးနည်းတစ် မျိုးအဖြစ်ရှိနေတာပဲ ဖြစ်ပါတယ်။ ဖလောရက်စ်ဟာ မြို့ထဲက မထင်မရှား နေရာတခုမှာ မြည်းတွေကို စတည်း ချပါတယ်။ အဲဒီမှာပဲ မြည်းနို့ညှစ်ပြီး သောက်လိုသူတွေကို ရောင်းတာပဲ ဖြစ်ပါတယ်။ မြည်းနို့ဟာ ရင်ကျပ် ပျောက်စေတယ်ဆိုပြီး သောက်ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

တရီဖိုးနီးယား မိုဒါလက်စ်ကလည်း အသက်ရှူလမ်းကြောင်းရောဂါပျောက်ဖို့ သူ့သား အလိတ်အလက်ဇန်းဒါးကို မြည်းနို့သောက်ခိုင်းနေပါတယ်။“ချောင်းဆိုးတာနဲ့ အဆုတ်ရောဂါအတွက် ကောင်းတယ်လို့ ပြောကြတာပဲ။ ဒါကြောင့် ကျမသားကို ခေါ်လာပြီး သောက်ခိုင်းတာ၊ ဆေးသောက်တာထက် ကောင်းတယ်တဲ့” လို့ သူကေ ပြာပါတယ်။မြည်းနို့ဟာ ရောဂါကုသနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ သိပ္ပံနည်းကျ လေ့လာထားတာ မရှိသေးပါဘူး။ ထို့အပြင် ဘိုလီးဗီးယားနိုင်ငံမှာ မြည်းနို့ရောင်းတာဟာလည်း သန့်ရှင်းမှုနဲ့ပတ်သက်တဲ့ အခြေ အနေကြောင့် တရားမဝင်ဘူးလို့ သိရပါတယ်။

သတင်းအရင်းအမြစ် - dvb  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။