လက်ရှိမြန်မာ့လက်ဝှေ့ကျော်ဒေဝကတော့ မြန်မာနိုင်ငံသားတစ်ဦးအဖြင့် ခံယူထားသည်နှင့်အမျှ မြန်မာပြည်သူပြည်သားများနှင့်လည်း ပေါင်းသင်းဆက်ဆံမှု အဆင်ပြေနေတာတွေ့ရပါတယ်။ ယခင်က လက်ဝှေ့နယ်ပယ်သားတွေက သူ့ကို ချစ်ခင်ခဲ့ပြီး လက်ရှိ မြန်မာ့အနုပညာလောကမှာ နာမည်ကြီးအနုပညာရှင်တွေကပါ ချစ်ခင်ကြောင်း သိရပါတယ်။ 

မနေ့က မြန်မာ့လက်ဝှေ့ချန်ပီယံကြီးဒေဝဆီသို့ နိုင်ငံကျော်အကယ်ဒမီရအနုပညာရှင်တစ်ဦးဖြစ်တဲ့ အောင်ခိုင်သွားရောက်ခဲ့တာတွေ့ရပါတယ်။ အောင်ခိုင်နှင့်အတူ ဒေဝတို့ဗီဒီယိုဖိုင်လေးမှာတော့ မြန်မာ့ကိုယ်စားပြုဖိုက်တာကြီးဒေဝအတွက် ရပ်တည်ပေးနေကြောင်းသိရပါတယ်။  

အဆိုပါသရုပ်ဆောင်အောင်ခိုင်အပါအဝင် ယခင်ကလည်း ပရိသတ်အချစ်တော်တွေဖြစ်တဲ့ အောင်လအန်ဆန်း၊ ဖိုးသော်နှင့် မော်ဒယ်သရုပ်ဆောင် ထူးအောင်တို့ကလည်း ဒေဝနှင့်အတူအမှတ်တရဓာတ်ပုံတွေ တွေ့ဆုံရိုက်ကူးခဲ့တာတွေ့ရပါတယ်။ မြန်မာ့ဂုဏ်ဆောင်ဖိုက်တာဒေဝဆီသွားရောက်တွေ့ဆုံခဲ့တဲ့ အောင်ခိုင်နှင့်ဒေဝတို့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။