ဇွန်လရောက်ပြီဆိုတာနဲ့အဖြူအစိမ်းနဲ့ကလေးတွေကျောင်းစတက်ရတဲ့ အချိန်ဆိုတာ လူတိုင်း သိကြမှာပါ ။ ကျောင်းနေဖူးတဲ့ ကလေးတွေအတွက် ကျောင်းတက်ရတာ ပျော်စရာကောင်း တယ်ဆိုတာ ကိ ုသိကြတဲ့အတွက် အထူးတလည် ပြောပြနေစရာမလိုပါဘူး ။ အခုမှကျောင်း စနေမယ့် ကလေးတစ်ယောက် အတွက် ကျောင်းမပျော်မှာ ၊ ကျောင်းတက်ရ မှာကြောက် တာတွေ က ဖြစ်လေ့ဖြစ်ထရှိပါတယ် ။ တကယ်လို့သင့်အိမ်မှာ ကျောင်းစနေမယ့် ကျောင်း နေရွယ်ကလေးတစ်ယောက် ရှိနေတယ်ဆိုရင် တော့ ဒီအချက်တွေကို သိထားသင့်ပါတယ် ။

(၁) ကျောင်းတက်ရတာပျော်စရာကောင်းတဲ့အကြောင်း မကြာခဏပြောပေးပါ ။

သင့်ကလေးဟာ တစ်ခါမှကျောင်းမတက်ဖူးတဲ့အတွက် မိဘရင်ခွင်ထဲကနေ ပထမဆုံးထွက် ပြီး တစ်နေကုန်ခွဲနေရမယ့်အရေး သူတွေးပြီးကြောက်နေပါလိမ့်မယ် ။ မရင်းနှီးသေးတဲ့ ကလေးတွေကြားမှာ သူ ထိတ်လန့်နေမှာအသေချာပါဘဲ ။ သင်က ကျောင်းတက်ရတာ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတဲ့အကြောင်း ၊ သူငယ်ချင်းတွေအ များကြီးနဲ့ ဆော့ ကစားလို့ရတယ်ဆိုတဲ့အကြောင်း ကို ကလေးသိအောင် မကြာခဏဆိုသလို ပြောပေးခြင်းဖြင့် သူ့ရဲ့စိတ်ကူးထဲမှာ ကျောင်းတက်ဖို့တွေးတိုင်းပျော်နေအောင် ပြုလုပ်ပေးသင့်ပါတယ် ။

(၂) ချစ်စရာကောင်းတဲ့ကျောင်းသုံး ပစ္စည်းလေးတွေနဲ့ဆွဲဆောင်ပါ ။

ကလေးငယ်တွေက ချစ်စရာကောင်းတဲ့ ကစားစရာအရုပ်လေးတွေကို သဘောကျ တတ် ကြတာတော့ သဘာဝပါ ။ ကျောင်းကို ကစားစရာအရုပ်တွေ ယူသွားလို့မရတာဖြစ်တဲအတွက် ချစ်စရာကောင်းတဲ့ ကွန်ပါဘူး ၊ ခံတံ ၊ ခဲဖျက် ၊ ထမင်းဘူး ၊ လွယ်အိတ်နဲ့ ဖိနပ်လှလှလေး တွေ ဝယ်ပေးခြင်းဖြင့် ဆွဲဆောင်ပါ ။ ဒီအရာလေးတွေကလည်း ကလေးတွေ ကျောင်း တက် ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ် ။

(၃) ကျောင်းဆင်းချိန် လာကြိုမယ်ဆိုတဲ့ ကတိကိုပေးပါ ။

ကျောင်းစနေစ ကလေးငယ်တစ်ယောက်အနေနဲ့ မိဘရင်ခွင်ထဲက ထွက်ပြီး ပထမဆုံး လူ့ လောက ကြီးနဲ့ မိတ်ဆက်ရတဲ့ ရက်ဖြစ်တဲ့အတွက် သူ့အနေနဲ့အရာအားလုံးဟာ အစိမ်း သပ် သပ်ပါ ။ ပတ်ဝန်းကျင်အသစ် သူငယ်ျခင်းအသစ် ကစားကွင်းအသစ်တွေ က သူ့ကို ချက်ချင်း မပျော်ရွှင်စေပါဘူး ။ အိမ်ပြန်ချင်တဲ့စိတ်တွေပြင်းပြနေမှာအသေချာပါဘဲ ။ အဲဒီတော့ ကျောင်းဆင်းတာနဲ့ မေမေလာကြိုမယ်နော် ဆိုတဲ့ကတိကို သေချာပေးပါ ။ ကတိတည်ပါစေ ။

(၄) ကျောင်းကအခြေနေကို မေးမြန်းပါ ။

ကျောင်းကပြန်လာတဲ့အခါ သူတွေ့ကြုံခဲ့ရတာတွေကို သင့်ကို ပြန်ပြောပြမှာ အသေချာပါဘဲ ။ အဲဒီတော့ သူ သူငယ်ချင်း ဘယ်နှယောက်ရခဲ့တယ်ဆိုတဲ့အကြောင်း ၊ ဘာသင်ခန်းစာတွေ သင်ခဲ့ရတယ်ဆိုတဲ့အကြောင်း ဂရုတစိုက်မေးမြန်းပါ ။ သူသင်ခဲ့ရတာတွေကို နားထောင်ပြီး တော်လိုက်တာ နောက်နေ့လည်း ဘာတွေသင်သင် မေမေ့ကို ပြန်ဆိုပြနော် ဆိုတဲ့ စကားနဲ့ ကလေးကို သင်ယူချင်စိတ် ဖြစ်အောင် အားပေးပါ ။

ဖေဖေမေမေတို့အနေနဲ့အခုဖော်ပြခဲ့တဲ့အချက်လေးတွေကိုသာ ပံ့ပိုးကူညီပေးမယ် ဆိုရင် ကလေးတွေဟာကျောင်းတက် ရမှာကို မကြောက်တော့ ဘဲ ကျောင်းနေပျော်ပြီး စာတော် တဲ့ကလေးတွေဖြစ်လာပါလိမ့်မယ်။

Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။