မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နည်းစနစ်ကော်မတီသည် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ၂၃အသင်း အသင်သစ်ကို ဖွဲ့စည်းရန် အသက်မီသည့် ကစားသမား ၄၀ ကျော်စာရင်း အား နည်းပြချုပ်အန်တွမ်နီဟေးထံပေးပို့ ထားသည်၊ နည်းပြချုပ်အန်တွမ်နီဟေး က သက်ဆိုင်ရာပြည်တွင်းပွဲများတွင် ယင်းကစားသမားများ၏ခြေစွမ်းအပြင်၊အခြားကစားသမားများ၏ခြေစွမ်းကိုလည်းလေ့လာစောင့်ကြည့်မည်ဟုဆိုထားပါတယ်။မြန်မာယူ၂၃အသင်းသစ်ကို ဇူလိုင်(တတိယပတ်) တွင်လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး၊ပြင်ဆင်ချိန် ၁ လနီးပါးရရှိထားပြီး ယင်းကာလအတွင်းနိုင်ငံတကာခြေစမ်းပွဲများနှင့် ဖိတ်ခေါ်ပြိုင်ပွဲများယှဉ်ပြိုင်မည်ဖြစ်ပါတယ်။

"မြန်မာအသင်းနည်းပြချုပ်ရာထူး အတွက် အန်တွမ်နီဟေးကိုရွေးချယ်ခဲ့တာကအောင်မြင်မှုရရှိဖို့ပါ။အောင်မြင်မှုရရင်ဘယ်လိုဆက်သွားမယ်။ မရရင်ဘယ်လိုသွားမယ်ဆိုတာတွေရှိပါတယ်။ အာရှအားကစားပြိုင်ပွဲမှာအောင်မြင်မှုမရခဲ့ရင်အချိန်ကာလကြောင့်ဆိုတာကိုလက်ခံနိုင်ပေမယ့် ဆူဇူကီးဖလားမှာအောင်မြင်မှုမရရင်တော့ အချိန်ကာလကိုအကြောင်းပြလို့မရပါဘူး။ သူ့ရဲ့အနာဂတ်က ဆူဇူကီးဖလားပြိုင်ပွဲအပေါ်မှာ မူတည်နေပါတယ်" ဟု (MFF တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်) က ပြောကြားထားခဲ့ပါတယ်။ နည်းပြချုပ်ဖြစ်သူအန်တွမ်နီဟေး၏ အနာဂတ် မှာ လာမည့်ဆူဇူကီးဖလား အပေါ်တွင် နောက်ဆုံး မူတည်ထားကြောင်းသိရပါတယ်။

(လက်ထောက်နည်းပြ) ဦးစိုးမြတ်မင်းက "ဆူဇူကီးဖလားမှာ ဘယ်လိုပဲဖြစ်ဖြစ်ပါ အုပ်စုအနေထားအရကတော့ ချောင်တယ်ကြပ်တယ်လို့တော့မရှိပါဘူး ဒါပေမယ့်အုပ်စုတက်ဖို့တော့ ကျွန်တော်တို့အဓိကပစ်မှတ်ပေါ့နော်ပြီးတော့မှအုပ်စုတက်ပြီး ကျွန်တော်တို့နောက်ထပ်တဆင့်သွားပါ့မယ်" ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Photo scoure: Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။