ပရိသတ်တွေကြားမှာ အာမေဋိတ်သံတွေ ဆူညံသွားစေခဲ့တာကတော့ စွမ်းဇာနည် တင်လိုက်တဲ့ လူမှုကွန်ယက်ပေါ်က Status တွေကြောင့်ပဲ ဖြစ်ပါတယ်။ စွမ်းဇာနည် တစ်ယောက် ဒီရက်ပိုင်း လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်နေရတဲ့ အကြောင်း ကို သူတင်ခဲ့တဲ့ စာတွေက သက်သေပြနေပါတယ်။  

ပထမ စာမှာတော့ " မင်းတို့အားလုံး ေ-ာက်ဂရုမစိုက်ဘူး ရှင်းလား "လို့ရေးသားထားတာကို တွေ့ရပါတယ် ။ စွမ်း ရဲ့ သည်းခံနိုင်တဲ့ ရေချိန်ကို လူတချို့ က ပျက်စီးအောင်လုပ်လိုက်တယ်ထင်ပါရဲ့ ။ ဒုတိယ စာမှာတော့ " ဘယ်ကောင် ၊ ဘယ်ကောင်မ မှ ခွင့်မလွှတ်ကြောင်း၊ တစ်ယောက် တစ်ယောက်ကြေး ကြိုက်တဲ့အချိန်လာနိုင်ကြောင်း၊ဘယ်သူ့ ကျေးဇူးခံ ကျေးဇူးစားမရှိကြောင်း " ရေးသားထားတာကိုတွေ့ရပါတယ်။တတိယ စာမှာတော့ "ငါစင်ပေါ်တင်ပေးလို့ ထမင်းဝနေတဲ့ ခွေးမသားတွေ သတိသာထား ။ တွေ့တဲ့ နေရာသတ်မယ် အစချီရေးသားထားပြန်ပါတယ်။ ဘယ်လိုလူတွေက ကျမတို့ ရဲ့ မင်းသားလေးကို အခုလို ဒေါသထွက်အောင်လုပ်လိုက်တာလဲ စဉ်းစားမရအောင်ပါ ။ပရိသတ်တွေကတော့ မင်းသားလေး ရွှေစိတ်တော်ပြေစေဖို့ မှတ်ချက်တွေမှာ ဖျောင်းဖျနေကြလေရဲ့ ။

ပရိသတ်ကြီးရေ လူတွေမှာ သည်းခံတယ် ဆိုတာ အတိုင်းအတာ တစ်ခုအထိဘဲရှိပါတယ် ။ အတိုင်းအတာတစ်ခုထက်ပိုပြီး ကျော်လွန်လာရင် တော့ မြိုသိပ်ထားတာတွေ ပေါက်ကွဲတတ်ကြောင်း ဒီဖြစ်ရပ်လေးကို ကြည့်ပြီး သင်ခန်းစာယူရန်လိုအပ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ အခုတော့ အကြင်နာမင်းသားလေး စွမ်း ကို ဒေါသပြေစေဖို့ ကူညီဖျောင်းဖျပေးကြရအောင်ပါ

Source - Swan Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။