သူဟာ မင်းသမီးဆောင်းဟေဂျိုနဲ့တင်မက မင်းသမီးချော Han Hyo Joo နဲ့လည်း ရုပ်ချင်းဆင်နေတာကြောင့် နှစ်ယောက်သားရဲ့ မျက်နှာက အလှအပတွေ သူ့ဆီမှာ သွားစုနေသလို ဖြစ်နေတာကြောင့် အလှကြီးလှနေတာလို့ မှတ်ချက်ပြုကြပါတယ်။ တကယ်တမ်းတော့ နှစ်ယောက်စလုံးနဲ့ သွေးသားတော်စပ်မှု လုံးဝမရှိသူ ဖြစ်ပါတယ်။ 

သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိရုံသာမက ရုပ်ရည်မှာလည်း ပြောစရာမလိုအောင် ချောမောပြီးသား ဖြစ်တာမို့ ပရိသတ်တွေက စောင့်ကြည့်ရမယ့် မင်းသမီးစာရင်းထဲ ထည့်ထားကြပါတယ်။ သူဟာ Song Hye Kyo နဲ့ Han Hyo Joo တို့နဲ့ ချွတ်စွပ်ဆင်တာမျိုးမဟုတ်ဘဲ နှစ်ယောက်ကို ပေါင်းစည်းထားတဲ့ ရုပ်ရည်မျိုးဖြစ်ပါတယ်။ 

ကိုရီယားပရိသတ်တွေကြား မှာနာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။ တတ်သစ်စ မင်းသမီးဖြစ်ပေမဲ့တော်တော်လေးကိုတူတာလည်းဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်မယ်ဆိုဆောင်ဟေကိုနဲ့ အလွန်တူတဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ MBC ရဲ့ Money Flower မှာ ပါဝင်ခဲ့သလို tvN ရုပ်သံလိုင်းရဲ့ မကြာခင် ရိုက်ကူးမယ့် Hundred Days’ Husband ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ 

Photo scource: Han Hyo Joo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။