မကြာသေးခင် က မြန်မာပရိသတ်တွေအကြား မီယန်မာ မြှောင်မြှောင်းမြှောင့် မင်းသမီးလေး အဖြစ် ချစ်စနိုးစနောက်ခြင်း ခံခဲ့ရတဲ့ တက်သစ်စမင်း သမီးလေး တစ်ယောက် ရှိခဲ့ပါတယ် ။ သူမ ကတော့ ယမင်းဧကရီပါတဲ့ရှင်။ အထက်တန်းရှေ့နေ ဘဝက နေ အနုပညာစင်မြှင့်ထက်မှာ နေရာတစ်နေရာ အခိုင်အမာရရှိဖို့ ကြိုးစားနေသူလေးတစ်ယောက်ဆိုလည်းမမှားပါဘူး ။

အားလုံးက ချစ်ကြတဲ့ ယမင်းဧကရီတစ်ယောက် က ပရိသတ်တွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ ပေါ်ကနေ သူမရဲ့ ဘဝနဲ့ ပတ်သက်တဲ့အတွေးအမြင်လေးတွေကိုမျှဝေခဲ့ပါတယ်၊ဘဝမှာပြန်အစားထိုးလို့မရတာ မိဘနဲ့အချိန် ဒီနှစ်ခုကိုအမြဲတမ်းတန်ဖိုးထားနိုင်ကြပါစေ လို့ တန်ဖိုးထားစရာလေးတွေကို ပြောပြလာခဲ့သူက ယမင်းဧကရီပါ။ ဒါတင်ဘဲလားဆိုတော့လည်း မဟုတ်သေးပါဘူး ။ဘဝအတွက်စာကြည့် အလှအတွက်မှန်ကြည့်ဆိုလို့မှန်ကြည့်နေတာ လို့ချစ်စဖွယ် ဓါတ်ပုံလေးတွေနဲ့ ဆိုခဲ့ပါသေးတယ်။

လတ်တလောမှာ ယမင်းဧကရီတစ်ယောက် အနုပညာအလုပ်တွေကို အားကြိုးမာန်တက်ကြိုးစားနေတယ် လို့လည်း အနုပညာအသိုင်းအဝိုင်းထဲမှသိရပါတယ်။ ယမင်းဧကရီ ရဲ့ စကားလေးတွေကို ရင်ဘတ်ခြင်းတူရင် ပြန်လည်မျှဝေပေးပါဦးနော်။

Source - Ya Min Akary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။