အသက် ၃၁ နှစ်အရွယ် မာသာဒိုလက်အမည်ရှိတဲ့ ပိုလန်မော်ဒယ်တစ်ဦးဟာ လန်ဒန်တောင်ပိုင်း တူတင်း ခရိုင်က တိုက်ခန်းမှာ ချစ်သူဖြစ်သူက ၂၁ နာရီကြာ ဖမ်းချုပ်ထားပြီး နှိပ်စက်တာခံခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့ ပြင်းထန်ဆိုးရွားတဲ့ ဒဏ်ရာတွေကို တိတ်တဆိတ် ဓာတ်ပုံရိုက်ခဲ့ပြီး သူငယ်ချင်းတယောက်ဆီပို့ ခဲ့ရာကနေ သူငယ်ချင်းဖြစ်သူက ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမနဲ့ သူမရဲ့ချစ်သူ ဂွတ်ဝင်းတို့က ၁၈ လကြာ အတူနေခဲ့ပြီး မကြာခဏ နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  

သူမရဲ့ သူငယ်ချင်းဖြစ်သူက အဆက်ဖြတ်ဖို့ မက်ဆေ့ချ် တစောင် ပေးပို့တာကို ဂွတ်ဝင်းက တွေ့ရှိသွား ပြီးနောက် တိုက်ခန်းထဲမှာ သော့ခတ်ထားခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာလို့ ဆိုပါတယ်။“ကျမ ပြတင်းပေါက်နားသွားပြီး ခုန်ဆင်းဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် ရုတ်တရက် မခံမရပ်နိုင် နာကျင်လာပြီး ကျမ ဘာမှ မမှတ်မိတော့ဘူး။ ကျမသာ နောက်ထပ်ကြာကြာ ဆေးကုခွင့်မရရင် သေသွားလောက်တယ်” လို့ သည်ဆန်းသတင်းစာကြီးကို ပြောပါတယ်။

သူမကတော့ မျက်နှာနဲ့ ဦးခေါင်းခွံကွဲတဲ့ ဒဏ်ရာတွေရကာ ဦးနှောက်သွေးယိုပြီး သူမရဲ့ မျက်စိအကြောတွေ ကုသလို့မရဘဲ ပျက်စီးသွားပါတယ်။သူမကတော့ သူမရဲ့ အသက်ဆုံးရှုံးရပြီဆိုတဲ့အထိ တွေးကာ ကြောက်လန့် ခဲ့ရတယ်လို့ ဆိုပါတယ်။ မာသာက အိမ်တွင်းအကြမ်းဖက်မှုကို လူတွေသိစေပြီး ကူညီဖို့ ဒုက္ခခံခဲ့ရတာတွေကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ချစ်သူ အသက် ၃၀ အရွယ် မိုက်ကယ်ဂွတ်ဝ င်းကိုတော့ ထောင်ဒဏ် ၄ နှစ်နဲ့ ၃လ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။