ပပဝင်ခင်ကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့ အနုပညာရှင်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းနေပေမယ့်လည်း ပရိသတ်အားပေးမှုများစွာရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ယခုအခါမှာတော့ သူမရဲ့ အလှူတစ်ခုဖြစ်တဲ့ အရံစေတီတော်တစ်ဆူလှူဒါန်းခဲ့တယ်လိုလည်းသိရပါတယ်။

အရံစေတီတော်တစ်ဆူကိုတော့ ပပတို့မိသားစု ပါဝင်လှူဒါန်းခဲ့တာလို့ လည်းသိရပါတယ်။ဟင်္သာတမြို့ဆင်မသေရွာတွင် ဥမ္မာဒန္ဒီ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရား " အနန္တဇိနအေးစူဠာမဏိစေတီတော် " ရွှေထီးတော် စိန်ဖူးတော် ထီးတင်ပွဲမှာလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။တကယ့်ကို သာဓုခေါ်လောက်အောင် မွန်မြတ်တဲ့အလှူတစ်ခုပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ဟင်္သာတမြို့ဆင်မသေရွာတွင် ဥမ္မာဒန္ဒီ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရား " အနန္တဇိနအေးစူဠာမဏိစေတီတော် " ရွှေထီးတော် စိန်ဖူးတော် ထီးတင်ပွဲ, အရံစေတီတော်တစ်ဆူ ပပတို့မိသားစု ပါဝင်လှူဒါန်းခဲ့ပါတယ် , ဒီထက်မက များစွာသောသာသနာပြုခွင့်ရပါစေ...ချစ်ပရိသတ်များ ပပတို့မိသားစုနှင့် ထပ်တူကုသိုလ်များရကြပါစေအေးချမ်းမှုနိမိတ် မိုးရေဖွဲဖွဲ ထီးတော်တင်ပွဲ "ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။အေးချမ်းစွာလှနေတဲ့ ပပဝင်းခင်ရဲ့ဓာတ်ပုံလေးတွေကလည်း တကယ့်ကိုကြည်နူးစရာကောင်းရုံတင်မကပဲ ကြည့်ရူ့သူပရိသတ်တွေရင်ထဲကိုပါအေးချမ်းစေမှာအမှန်ပါပဲ။

သတင်းအရင်းအမြစ်-ပပဝင်းခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။