ရီးရဲနည်းပြ ဇီဒန်းကတော့ ရုတ်တရက် မီဒီယာတွေကို ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။မီဒီယာတွေ သာမက ကြားရတဲ့ လူတွေအားလုံး အံ့အာသင့်ခဲ့ရတဲ့ သတင်းကတော့ ချန်ပီယံလိဒ်ဖလား ပူပူနွေးနွေး ရထားတဲ့ ရီးရဲ နည်းပြ ဇီဒန်းဟာ နည်းပြရာထူးကနေ နုတ်ထွက် ကြောင်းကြော်ငြာ ခဲ့ပါတယ်။ရီးရဲ နည်းပြ ဇီဒန်းကတော့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပဲ မျက်ရည် ဝဲစွာနဲ့ ပြောကြားခဲ့ပါတယ်။

ဇီဒန်းကတော့ " အားလုံးအတွက် နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်၊ ဒီဆုံးဖြတ်ချက်ဟာ ကျနော့်အတွက်ရော၊ ကလပ်နဲ့ ကစားသမားတွေအတွက်ပါ အကောင်းဆုံး ဖြစ်မှာပါ။ ဆုဖလားတွေ ဆက်တိုက် ဆွတ်ခူးပေးခဲ့ ပြီးပြီ မို့ အပြောင်းအလဲတွေနဲ့ ရှေ့ဆက်ဖို့ လိုအပ်နေပါပြီ။ ကစားသမားဘဝမှာကော နည်းပြ ဘဝမှာ ကစားခွင့်ရအောင် စီစဉ်ပေးခဲ့တဲ့ ဥက္ကဌကြီးကိုလဲ အရမ်းကို ကျေးဇူးတင်ပါတယ်"လို့မျက်၇ည် စို့ နှစ်စွာနဲ့ ပြောဆို ထားခဲ့ပါတယ်။

ဒီလိုအချိန်မျိုးမှာတော့ ကျနော်လဲ အပြောင်းအလဲတွေ ရင်ဆိုင်ဖို့ လိုအပ်နေပြီဖြစ်သလို၊ အသင်းမှာရှိတဲ့ လူတိုင်းအတွက်လဲ အပြောင်းလဲတွေနဲ့ ရှေ့ဆက်ဖို့ အချိန်တန်ပါပြီ။ လာမယ့်ရာသီမှာတော့ ကျနော်ဟာ နည်းပြလောကထဲကို ပြန်ဝင်လာဦးမှာ မဟုတ်ပါဘူး” လို့ မျက်ရည် ဝဲစွာနဲ့ပြောကြားခဲ့ ပါတယ်။နာမည်ကြီး သတင်းတွေကတော့ နည်းပြ ဇီဒန်းဟာ သူသဘော အလျောက် ရီးရဲ ကနေ ထွက်တာမဟုတ်ဘဲ နည်းပြ ရာထူးစွန့်လွတ်ဖို့ အတင်း တိုက်တွန်းခံရတာလို့ ပြောဆိုနေကြပါတယ်။

source : daily mail online 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။