ပရိသတ်အချစ်တော်မင်းသမီးချော်လေး အိချောပိုကတော့ တစ်ရက်တစ်ခြားမရိုးနိုင်အောင်ကို လှလို့နေပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုများစွာရရှိလာခဲ့တာလည်းဖြစ်ပါတယ်။လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေက ပရိသတ်ကြီးကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါမှာလည်း သူမရဲ့ လှပနေတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဖက်ရှင်အလန်းစားနဲ့တွေ့ရတဲ့ စူစူရဲ့ဓာတ်ပုံလေးတွေကတော့ ရိုးရိုးလေးနဲ့ လန်းနေတာကတော့ အမှန်ပါပဲ။

စူစူကတော့ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ သုံးဖက်ချွန်ဆိုတဲ့ ဇာတ်ကားလေးကိုမင်းသားပြေတီဦးနဲ့ ရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။ချစ်စရာကောင်းတဲ့ စူစူရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေသဘောကျစေမှာအမှန်ပါပဲ။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း စူစူရဲ့ဓာတ်ပုံလေးတွေကြည့်ပြီး အားပေးစကားလေးတွေပြောခဲ့ကြဖို့မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။