တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် စမိုင်းက အနုပညာအလုပ်တွေကို ရပ်နားပြီး နိုင်ငံခြားမှာအကြာကြီး အလုပ်သွားလုပ်ခဲ့တဲ့ အနုပညာ ရှင်တစ်ယောက်ပါ ။ မကြာသေးမီအချိန်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ပရိသတ် ကြီးနဲ့ပြန်လည် ထိတွေ့ခဲ့တာပါ ။ သူမက လက်ရှိမှာတေ့ာ သူမခင်ပွန်း သူမ သား သမီးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ သူလည်းဖြစ် ပါတယ် ။

သူမ တို့ လင်မယားကဘဝကိုရုန်းကန်ပြီးမှဒီလိုအခြေအနေကိုရောက်လာတာဖြစ်ပြီး ဝုန်းကနဲ တောက်တဲ့ကောက်ရိုးမီး လိုချက်ချင်းဖြစ်လာတာမဟုတ်ခဲ့ဘဲ ဘဝကိုတစ်ဆင့် ခြင်းဖြတ်ကျော် လာ ရတာလို့ သူမကပြောခဲ့ပါတယ် ။ နိုင်ငံခြားမှာ ကိုယ့်ဘဝအဆင်ပြေဖို့အတွက် အလုပ် ကြိုးစားရုံနဲ့မရပဲ ကံပါကောင်းဖို့အတွက် ဘုရားတရား မပြတ်လုပ်ခဲ့ရတယ်လို့လဲ သိရပါတယ် ။ အဆင်မပြေဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း သူမက ဘုရားတရားမမေ့ခဲ့သလို အဆင်ပြေလာ တဲ့ အချိန်မှာ လည်း ဘုရားတရားအလုပ်တွေကိုအချိန်ပေးပြီးလုပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ် ။ ဆိုးနေတဲ့ကံကို ဘုရားတရားလုပ်ရင်း ပြုပြင်လို့ရပါတယ်လို့လည်း ပရိသတ်ကို မျှဝေပေးခဲ့ပါ သေးတယ် ။

သူမတို့ လင်မယားဟာ အဓိဌာန်ဝင်တဲ့ ၁၀ ရက်မှာ ရာသီဥတုဆိုးရွားပြီး သစ်ကိုင်းတွေ ကျိုးကျနေပေမယ့်လည်း ဘုရားပေါ်တက်ပြီး မဖြစ်ဖြစ်အောင် ပုတီးစိတ်ခဲ့တာပါ ။ အခက်ခဲဆို တာ ကြိုးစားချင်စိတ်ရှိမှ အောင်မြင်တာဖြစ်လို့ သူမရဲ့ ၁၀ ရက်တာ အဓိဌာန်ဟာ အောင်မြင် သွား ခဲ့ပါပြီ ။ ပရိသတ်ကြီးလည်း စမိုင်းကိုအတုယူတဲ့အနေနဲ့ ဘုရားတရားများများလုပ်ပြီး ဆိုးနေတဲ့ကံကို ပြုပြင်လိုက်ကြရအောင်နော် ။

Source : Smile Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။