အနုပညာလမ်းကြောင်းပေါ်မှာတစ်စထက်တစ်စနာမည်ရလာတဲ့ သရုပ်ဆောင်ရွှေပိုးအိမ်ကတော့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပရဟိ တလုပ်ငန်းတွေကို Balance ညီညီ လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ဘာသာတရားလည်းအရမ်းကိုကိုင်းရှိုင်းပြီး ယောဂီဝတ်စုံလေးတွေနဲ့ အဓိဋ္ဌာန်ဝင်ကာ တရားအားထုတ်လေ့ရှိတာကိုလည်း မကြာခဏ မြင်တွေ့ရပါတယ်။မေလ၃၁ရက်နေ့ညမှာလည်းရွှေတိဂုံဘုရား ကြီးပေါ်သွားရောက်ဘုရားဝတ်ပြုကုသိုလ်ယူခဲ့ပြန်ပါတယ်။
သူမကတော့ အမြဲတမ်း အေးချမ်းတည်ငြိမ်တဲ့ မျက်နှာလေးနဲ့ အရမ်းကို ကျက်သရေရှိတဲ့အလှတွေကိုပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါ တယ်။ရေလိုအေးလို့ပန်းလိုချမ်းမြေ့တဲ့အလှပိုင်ရှင်မလေးသူမကတော့ ရွှေတိဂုံဘုရားကြီးပေါ်မှာ ကိုယ်တိုင်ကိုယ်ကျပန်းလှူဒါန်းခဲ့ပြီး ရေကြည်တော်သွန်းလောင်းအလှူလေးပြုခဲ့တာပဲဖြစ်ပါတယ်။ပန်း ရေချမ်း ဆီမီးတို့ကိုလှူဒါန်းကာ ဘုရားဝတ်ပြုခဲ့တဲ့ သူမရဲ့ အေးချမ်းလှ တဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။
ပရိသတ်တွေအားလုံးကိုလည်း ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းပေးထားကာ သူမရဲ့ ကုသိုလ်အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ ကုသိုလ်မျှဝေထားတာပဲ ဖြစ်ပါတယ်။ဘုရားတရားအမြဲလုပ်တဲ့ သူမကိုပရိသတ်တွေကတော့အရမ်းလေးစားချီးကျူးနေကြပြီး သာဓုခေါ်ဆိုမဆုံးဖြစ်နေကြပါတယ်။မြင်ရသူတိုင်းရင်ကိုအေးချမ်းစေတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းအမြစ် - ရွှေပိုးအိမ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။