ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးခဲ့သော အိစိကွေးဟာဆိုရင် အခုချိန်မှာတော့ အနုပညာထက်ပရဟိတ ကိုပိုပြီးစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ကလေးသရုပ်ဆောင်လုပ်ခဲ့စဉ်ကလည်း သရုပ်ဆောင်ပီပြင်ခဲ့ ပြီးပရိသတ်ချစ်ခြင်းကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် အဖြစ်ရုပ်ရှင်ကားများနှင့်ဗီဒီယိုဇာတ်ကားကောင်းများစွာ ကိုရိုက်ကူးခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အိစိကွေးနဲ့အတူ ယွန်းယွန်းနှင့်ဟဲဗီးဖြိုး တို့ကလည်းကလေးသရုပ်ဆောင်ပီပြင်ခဲ့ကြပါတယ်။ အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ချက်တွေကောင်းခဲ့သဖြင့် နာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ် ။ငယ်ငယ်ထဲက အနုပညာလောကကိုခြေချနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်အရွယ်နည်းနည်းကြီးလာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘူးလို့လည်းသိရပါတယ်။ 

လက်ရှိအချိန်အထိ ပရိသတ်အားပေးမူကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဟိုတစ်လော က သူရဲ့ကိုယ်ပိုင်လူမူကွန်ယက်ပေါ်မှာ ‘’အရွယ်နဲ့မလိုက်အောင် အတိုက်အခိုက်ခံနေရပါတယ်’’ ဆိုပြီးပရိသတ်ကြီးကို ရင်ဖွင့်ခဲ့ဖူးပါတယ်။အောင်မြင်သည် လူဆိုတာအတိုက်အခံတွေကများတာလည်းဖြစ်ပါတယ်။ ကဲပရိသတ်ကြီး အချစ်တော်အိစိကွေးလေး ကတော့ သရုပ်ဆောင်အလုပ်ထက် ပရဟိတကို ပိုမိုစိတ်ဝင်စားတယ်လို့ လည်းပြောထားပါတယ်။  

photo scoure: အိစိကွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။