ပရိသတ်တွေရဲ့အချစ်တွေကိုအခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသမီးချောခင်လေးနွယ်ကတော့ သူမကလည်း မိန်းကလေးဖြစ်တဲ့အတွက် လှချင်သူတစ်ယောက်ပါလို့ ဆိုလာပါတယ်..။

ချစ်စရာကောင်းတဲ့ အပျိုကြီးမမကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ခံစားချက်လေးတွေကိုလည်း ပရိသတ်တွေအမြဲပြန်လည်မျှဝေလေ့ရှိသူလေးပဲ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း လှချင်သူလေးဖြစ်တဲ့သူမကလည်း GL Beauty & Nail Art မှာ body Scrub လေးလုပ်ဖြစ်တဲ့အကြောင်းလေးကို ဓာတ်ပုံလေးတွေနဲ့အတူ ပြောပြထားပါသေးတယ်..။

“ဒီနေ့ တစ်နေကုန် GL Beauty & Nail Art မှာ body Scrub လေးလုပ်တယ်.. ခေါင်းလျှော်တယ်.. ခြေသည်းလက်သည်းလုပ်တယ်.. လှချင်သူ တစ်ယောက်ပါရှင့်..” ဆိုပြီး အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ ပြန်လည်မျှဝေထားတာပါ..။

ချစ်စဖွယ်ဖက်ရှင်လေးတွေနဲ့အတူ အမြဲချစ်စရာကောင်းနေတဲ့ မင်းသမီးချောခင်လေးနွယ်ကတော့ လတ်တလောမှာအနုပညာလှုပ်ရှားမှုတွေနည်းပါးနေပေမယ့်လည်း ပရိသတ်တွေကတော့ ဆက်လက်ပြီးအားပေးချစ်ခင်နေကြတာ တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုတွေရပ်နားထားပြီး စီးပွားရေးလုပ်ငန်းတွေကိုဦးစားပေးလုပ်ဆောင်နေပြီး ခရီးတွေလည်း မကြာခဏထွက်ရှိနေသူလေးလည်း ဖြစ်ပါတယ်..။

Photo - ခင်လေးနွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။