နည်းပြ ဇီဒန်း ဟာ ရီးရဲယ်မက်ဒရစ် အသင်းကို ကိုင်တွယ်တဲ့ ၂နှစ်အတွင်း ဖလား၈လုံးနဲ့ အောင်မြင်မှု များစွာကို ရယူနိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် ကို ချန်ပီယံလိဂ် ဖလား သုံးနှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ကာကွယ်နိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။စိတ်မကောင်းစွာနဲ့ဘဲ ရီးရဲ နည်းပြ ဇီဒန်းဟာ အသင်းကနေ ထွက်ခွာသွားတာကြောင့် ရီးရဲ အသင်းသားတွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ရီးရဲတိုက်စစ်မှူး ရော်နယ်ဒို ကတော့ " ခင်ဗျားရဲ့ ကစားသမားတစ်ဦး ဖြစ်ခွင့်ရခဲ့တဲ့ အတွက် အရမ်း ဂုဏ်ယူစွာ နဲ့ ကျေးဇူးအများကြီး တင်ပါတယ်။ ဆရာ” လို့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပြောကြားခဲ့ပါတယ်။ရီးရဲ အသင်းခေါင်းဆောင် ရာမိုစ့်ကလည်း “ ရီးရဲအသင်းမှာ ကစားသမား တစ်ဦးအနေနဲ့ကော နည်းပြတစ်ဦး အနေနဲ့ပါ ဇီဒန်းဟာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အောင်မြင်မှုတွေနဲ့ပဲ အသင်းကို နှုတ်ဆက်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲ အသင်းခေါင်းဆောင် ရာမိုစ့်ကလည်း " ခင်ဗျား ကိုင်တွယ်ခဲ့တဲ့ ၂နှစ် တာအတွင်း အောင်မြင်မှုတွေ များစွာ ရရှိခဲ့တာပါ။ခင်ဗျား ချန်ထားခဲ့တဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်မှာမဟုတ်သလို ကျွန်တော်တို့ အရမ်း ချစ်တဲ့ အသင်းရဲ့ အအောင်မြင်ဆုံး လူတွေထဲမှာ ခင်ဗျားက ထိပ်ဆုံးကနေ ရပ်တည်နေမှာပါလို့ ပြောဆိုထားပါတယ်။တစ်ခြား အသင်းသားတွေကလည်း နည်းပြ ဇီဒန်း ထွက်ခွာလို့ စိတ်မကောင်းကြောင်း လူမှုကွန်ယက်ကနေ ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။