သရုပ်ဆောင် ခင်ဇာခြည်ကျော်ဟာ သရုပ်ဆောင် ပီပြင်ပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဘဲ ဖြစ်ပါတယ် ။ သူမဟာ " ငါသူတစ်ပါး ယောက်ျား မိန်းမ " ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့အကယ်ဒမီ ဆုကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတာပါ ။ သူမဟာ Single Mother တစ်ယောက် ဖြစ်ပြီး သားသမီးတွေရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေး နေတဲ့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ် ။

သူမဟာ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ " လမ်းပေါ်က နန်းတော် " ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးထားပါတယ် ။ အသက် ၁၄ နှစ်ဘဲရှိသေးတဲ့ သူမရဲ့သမီးလေး ထင်သစ္စာ ကတော့ သူမလို သရုပ်ဆောင်အလုပ်ကို ဝါသနာမပါဘဲ သီချင်းဆိုတာကိုဘဲ ဝါသနာပါတယ်လို့လည်း သိရပါတယ် ။ သူမအနေနဲ့ ပညာရေးကိုဘဲ အဓိကဦးစားပေး ခိုင်း မှာ ဖြစ်ပြီး ပညာရေးပြီးမှ သာ သမီးလေးပေါ်မူတည်ပြီး သူဖြစ်ချင်တာကိုလုပ်ခိုင်းမယ်လို့ ဆို ပါတယ် ။ သူမရဲ့သမီးလေး ထင်သစ္စာက တော့ ဆရာဝန်မကြီးဖြစ်ချင်တာပါတဲ့နော် ။ သူမ ကတော့ မိခင်တစ်ယောက်အနေနဲ့ ပံ့ပိုးပေးဖို့အခုထဲကကြိုတင်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ် ။

သူမ သမီးလေး ပညာတတ်ကြီးဖြစ်သွားတဲ့အချိန်ကျမှ အဆိုဝါသနာပါတယ်ဆိုရင်လည်း အဆိုတော်ဖြစ်အောင် မြေတောင်မြှောက်ပေးမှာပါလို့ သူမက အင်တာဗျူးမှာဖြေ ကြားခဲ့ တာဖြစ်ပါတယ် ။ Single Mother တစ်ယောက်အနေနဲ့ သားသမီးတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ် တည်ပြီး သူတို့လေးတွေဖြစ်ချင်တဲ့အရာကို ပံ့ပိုးကူညီပေးနေတဲ့ သူမကတော့ အရမ်းကို အထင်ကြီး လေးစားစရာကောင်းလွန်းပါတယ် ။ ခင်ဇာခြည်ကျော်ကို ချစ်တဲ့ ပရိသတ်ကြီး လည်း သူမကို အားပေးလိုက်ကြပါဦးနော် ။

Source : Khin Zar Chi Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။