World Lethwei Championship KNOCKOUT WAR ဆိုတဲ့အမည်နဲ့ နိုင်ငံတကာအဆင့်မီ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံမှာ လာမယ့် ဇွန်လ ၂ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ပွဲကြိုမိတ်ဆက်အခမ်းအနားကို မေ ၂၇ ရက်နေ့က ဂျန်းရှင်းမော်တင်မှာ ကျင်းပခဲ့ပါတယ်။ 

အဓိကခါးပတ်လုပွဲအဖြစ် စောဘဦးနဲ့ ARTUR SALADIAK (၆၇ မှ ၇၁ ကီလို လိုက်မစ်ဒယ်ဝိတ်တန်း) တို့ ထိုးသတ်ပြီး နောက်တပွဲအနေနဲ့ စောဒါဝိတ်နဲ့ ကျော်ဇင်လတ် (၆၀ မှ ၆၃.၅ ကီလို လိုက်ဝဲလ်တာဝိတ်တန်း) တို့ပွဲတွေ အပါအဝင် ၇ ပွဲ ထိုးသတ်ကြမှာဖြစ်ပါတယ်။ မိန်းကလေးပွဲဖြစ်တဲ့ ရွှေနဒီနဲ့ NOU SREY POV (၅၄ မှ ၅၇ ကီလို ဖဲသာဝိတ်တန်း) တပွဲလည်း ပါဝင်ပါတယ်။

သဲထိတ်ရင်ဖိုထူးထူးခြားခြား ထိုးသတ်သွားမယ်လို့လည်းသိရပါတယ်။ပရိသတ်ကြီးအတွက် သာမာန်လက်ဝှေ့ပွဲတွေးနဲ့ မတူပဲနိုင်ငံတကာအဆင့်မှီလက်ဝှေ့ပွဲလည်းဖြစ်ပါတယ်။လက်ဝှေ့ဝါသနာပါတဲ့ပရိတ်သတ်ကြီးအတွက် ပွဲကောင်းတစ်ပွဲလည်းဖြစ်လာဖို့များပါတယ်။ နိုင်ငံတကာ အဆင့်မီလက်ဝှေ့ပွဲ ကြီးကိုလည်းအားပေးလိုက်ကြပါအုန်းနော်။ 

Photo scoure: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။