လက်ရှိအနုပညာလောကရဲ့ ထွန်းလင်းလာတဲ့ သရုပ်ဆောင်မင်းသမီးချောလေးတွေထဲမှာ ယဉ်လက်ကိုတော့အားလုံးချစ်မယ်ထင်ပါတယ်။ ဖိုက်တာမလေးတစ်ယောက်ဇာတ်ရုပ်ဖြင့်စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ မန္တလေးမြို့ကိုရောက်ရှိနေပြီး ပုဂံအထင်ကရနေရာတစ်ခုကို သွားရောက်နေကြောင်းသိရပါတယ်။  

ဒီကနေ့ ယဉ်လက်ကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပုဂံရှိ လောကနန္ဒာဘုရားကိုသွားရောက်နေကြောင်း သိရပါတယ်။ အဆိုပါ လောကနန္ဒာဘုရားကို ယဉ်လက်နှင့်အတူ သရုပ်ဆောင်မင်းသမီးချောကြီး မယ်လိုဒီမိသားစုတို့အတူ သွားရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သွားရောက်မှုနှင့်ပတ်သက်ပြီး

"လောကနန္ဒာဘုရားပွဲ လှည့်လည်ရာတွင်ပါဝင်ကုသိုလ်ယူရန်

ရောက်ရှိနေကြပါသည်

၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။

ကြည်နူးစရာကောင်းမှုကုသိုလ်တစ်ခုကိုသွားရောက်ပြုလုပ်နေတာဖြစ်ပြီး ပရိသတ်တွေသာဓုခေါ်နိုင်စရာတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ ပုဂံမြို့ရဲ့ နာမည်ကြီး လောကနန္ဒာဘုရားပွဲကိုသွားရောက်နေတဲ့ ယဉ်လက်ရဲ့ ဓာတ်ပုံလေးတွေကိုချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။