သရုပ်ဆောင် မင်းသွေးဟာ ပရိသတ်လက်ခံအားပေးပြီးသား အနုပညာရှင် မင်းသား ချောလေးတစ်ယောက်ဘဲ ဖြစ်ပါတယ် ။ ပရိသတ်အချစ်တော် အကယ်ဒမီ နေတိုးရဲ့ ညီအ ရင်းဖြစ်ပြီး အစ်ကို့ခြေရာကို နင်းနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် လည်းဖြစ် ပါတယ် ။ အနုပညာလောကမှာလည်း အခြားနာမည်ကြီးမင်းသားတွေနဲ့အတူ ရင်ဘောင်တန်းနိုင်တဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး ။

သူရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ၃ယောက်တွဲသီချင်းခွေလေး လုပ်ဖို့ စီစဉ်နေပြီး ထိုးစစ် MTV ကို အပြီးသတ်လုပ်နေတယ်လို့သိရပါတယ် ။ သူပါဝင် ရိုက် ကူးထားတဲ့ " သတ်ကွင်း " ဆိုတဲ့ရုပ်ရှင် ဇာတ်ကားကြီး ကိုလည်း ရုံတင်နိုင်အောင် ကြိုးပမ်း နေတာဖြစ်ပါတယ် ။ အနုပညာခြေလှမ်းတွေကျဲနေတဲ့အကြောင်းရင်းကတော့ ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေရှိပေမယ့် ရုံတင်ဖို့အခက်ခဲတွေကြောင့် ဖြစ်ပြီး ဗီဒီယိုဈေးကွက်က သူ့အ တွက်သိပ်အဆင်မပြေတဲ့ အတွက် မရိုက်ဖြစ်တာပါလို့ လဲ သိရပါတယ် ။

သူကရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် ကာရိုက်တာကိုအရမ်းဂရုစိုက်ပြီး အချိန်ယူဖြစ် တယ် လို့ လည်း အင်တာဗျူးမှာဖြေကြားခဲ့ပါသေးတယ် ။ အနုပညာအလုပ်တွေ ခြေလှမ်းကျဲနေ သေးပေမယ့်လည်း ရိုက်ခဲ့တဲ့ကားတိုင်းအတွက် ကာရိုက်တာကို သေချာပြင်ဆင်တတ်တဲ့ မင်းသွေးကို ပရိသတ်ကြီးက အားပေးလိုက်ကြပါဦးနော် ။

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။