ရွှေထူးကိုတော့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တော်တော့်ကို အချိုးမပြေတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပရိသတ်တွေမြင်တွေ့ရ ဦးမှာပါ။ ဒီဇာတ်ကားထဲမှာလည်း သရုပ်ဆောင်အတွေ့အကြုံတွေ အများကြီးရှိတဲ့ အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်တာ ကြောင့် စိတ်ဖိစီးမှုလေးတော့ နည်းနည်းရှိတယ်လို့ ပြောပြခဲ့ပါတယ်။ 

ဒီဇာတ်လမ်းလေးကတော့ ရွှေထူးရဲ့ ဒုတိယမြေုာက်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ အဆိုတော်ရွှေထူးအပြင်ရွှေမှုံရတီ၊ နေခြည်ဦးတို့နှင့်အတူတွဲဖက်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုသူသဘောကျတဲ့မင်းသမီးတွေနဲ့တွဲရိုက်ရတာပျော်ပါတယ်ဆိုပြီးတော့ မီဒီယာတွေကနေတစ်ဆင့်ပြောခဲ့ပါတယ်။

ရွှေထူးဟာဆိုရင် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ရုပ်ရှင်ကားကြီးကိုစတင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိနေပြီးလည်းဖြစ်ပါတယ်။ ''ကျွန်တော်က အနုပညာလုပ်ရတာပဲလေ အပြင်မှာမှ မဟုတ်တာ။ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဘယ်လို ကာရိုက်တာမျိုးပဲ ဖြစ်ဖြစ် စိတ်ဝင်စားတယ်။ ဗီလိန်ကာရိုက်တာကတော့ ကိုယ်နဲ့ လိုက်မှာပါ မင်းသားရုပ်မှ မဟုတ်တာ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဗီလိန် ကာရိုက်တာကို သဘောကျတယ်။ ငယ်ငယ်တုန်းကဆိုရင် Batman တို့ ဂျိုကာတို့ဆိုရင် ကျွန်တော်က ဂျိူကာပဲ လုပ်ချင်တယ်'' ဆိုပြီးတော့လည်းပြောထားပါတယ်။ ကဲပရိသတ်ကြီးရေ ဗီလိန်ကာရိုက်တာ ကိုသဘောကျတဲ့ရွှေထူးကိုလည်းအားပေးပါအုန်းနော်။ 

photo scoure: shwe Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။