မြန်မာ့လက်ဝှေ့လောကရဲ့ နာမည်ကြီးဖိုက်တာတစ်ဦးဖြစ်တဲ့ သံမဏိစိုးလင်းဦးကိုတော့ လက်ဝှေ့ချစ်ပရိသတ်အားလုံးသိမယ်ထင်ပါတယ်။ နိုင်ငံဂုဏ်ဆောင်ထားသူတစ်ဦးဖြစ်တဲ့ ကျန်းမာရေးမကောင်းတဲ့မိဘနစ်ပါးကို နှစ်ရှည်လများလုပ်ကျွေးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ 

ပထမတန်းစားလက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ စိုးလင်းဦးကတော့ လက်ဝှေ့ထိုးလို့ရသမျှငွေကြေးများထဲမှ အချို့တဝတ်ကို အမြဲ ရပ်ရွာတွင်းရှိ နွမ်းပါးသူများကို လှူဒါန်းတက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ဖခင်ဖြစ်သူဟာ လေဖြတ်ထားတာနှစ်အတော်ကြာပါပြီ တစ်လောကထိုင်းကနာမည်ကြီး မွေထိုင်းလက်ဝှေ့သမား ဝီဂျစ်နဲ့ထိုးကာနီးနှစ်ရက်အလိုမှဖခင်ဟာဆုံးသွားခဲ့ပါတယ် အားလုံးကပွဲဖျက်ခိုင်းပေမယ့် ပွဲသွင်းသူတွေ ပရိသတ်တွေကိုလေးစားသောအားဖြင့်ထိုးဖြစ်အောင်လာထိုးပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

ရိုးသားကြိုးစားပြီး မိဘအပေါ်သိတက်သူတစ်ယောက်ဖြစ်တဲ့ စိုးလင်းဦးရဲ့ လုပ်ရက်နဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေ အားကျပီတိဖြစ်မိမယ်ထင်ပါတယ်။ မိမိချွေးနည်းစာဖြင့်ရရှိခဲ့သော ငွေကြေးဖြင့် လှူဒါန်းခဲ့တဲ့ စိုးလင်းဦးရဲ့ ဆန်အလှူလေးကိုချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ရဲဇာလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။