သုသု လို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ညီညီမောင် (စမ်းချောင်း) က မကြာသေးမီကမှ ချစ်သူဖြစ်တဲ့ Zippy နဲ့လမ်းခွဲပြတ်စဲခဲ့ကြတာဖြစ်ပါတယ် ။ ဖောက်ပြန်တဲ့ ဒဏ်ကိုမခံနိုင်လို့လမ်းခွဲခဲ့ပေမယ့် သူ့ကိုအပြစ်မမြင်ဖူးလို့ပြောလာတဲ့ သုသု ကတော့ သူမရဲ့မွေးနေ့မှာ ဘယ်သူပို့လိုက်မှန်း မသိတဲ့ လက်ဆောင်တွေနဲ့ Suprise လုပ်ခံလိုက်ရပါတယ် ။

မွေးနေ့လက်ဆောင်ကတော့ သုသုအရမ်းချစ်တဲ့ Peter Rabbit အရုပ်လေးရယ် သူမအရမ်းလိုချင်နေတဲ့ p20pro ရယ် ဘဲဖြစ်ပါတယ် ။

" ကံကောင်းခြင်းတွေ လား စိတ် ထဲဖြစ်နေ တွေ သူကကြိုသိနေတာလား မနေ့ကအဖွဲ့ ထဲက ဘယ် သူပြောလိုက်တာလဲဟင် p20pro လို ချင်လိုက်တာ ပြောမိတာနဲ့ ဒီနေ့ သုသု အရမ်း ချစ်တဲ့ Peter Rabbit ရယ်P20pro phone လေးရယ် လာပို့ပေးသွားတယ် ဘယ်သူပို့ပေးတာ လဲ သိချင် မိပါတယ် " ဆိုတဲ့စာသားနဲ့အတူ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ မှာရေးသား ဖောြ်ပခဲ့တာဘဲ ဖြစ်ပါတယ် ။

မကြာသေးမီကမှ အချစ်ရေးအဆင်မပြေမှုတွေကို အင်တာဗျူးတွေမှာ ဝမ်းနည်းကြေကွဲစွာ ဖြေဆိုခဲ့ရတဲ့ သုသုလေးတစ်ယောက် ဘယ်သူပေးမှန်းမသိတဲ့ လက်ဆောင်လေးတွေ ရလို့ ပျော်နေမယ်ထင်ပါတယ် ။ ဘယ်သူပို့တာလဲဆိုတာ မပြောရင် ဖုန်းကိုမဲဖောက်ပစ်မယ်လို့ သူမက ပြောခဲ့ပေမယ့် ဘယ်သူပို့တာလဲဆိုတာကိုတော့ ခုထိမသိသေးပါဘူးတဲ့ ။ သုသုကို ချစ်တဲ့ပရိသတ်ကြီးအတွက် သူမရတဲ့လက်ဆောင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။